အခန်း-(၅၈)

2.6K 267 15
                                    

ရှန်းလင်းယဲ့၏ခရမ်းပြာရောင်မျက်ဝန်းများကိုမြင်လိုက်ရသည့်ခဏ ယီကွမ်း၏တစ်ကိုယ်လုံးမှာအေးခဲသွားသည့်အလားပင်.....။ ရှန်းလင်းယဲ့သည်ကား ညအမှောင်အောက်၌တောက်ပနေသည့်ခရမ်းပြာမျက်ဝန်းများဖြင့်သားရဲကောင်အလားယီကွမ်းထံကြည့်ရှုလျက်ရှိပြီး သူ၏နှုတ်ခမ်းထက်၌မူမိစ္ဆာဆန်သည့်အပြုံးတစ်ပွင့်ရှိနေခဲ့ပေသည်။ ထိုအခိုက်အတန့်၌ မိအာမှာအပြင်မှာဘာဖြစ်နေသနည်းကြည့်ရှုရန်လှည်းယာဥ်တံခါးကိုဖွင့်လာခဲ့ပြီး ယီကွမ်းကတံခါးကိုအားဖြင့်ဆွဲပိတ်လိုက်ကာ အော်ဟစ်လာခဲ့၏။

"ဘယ်သူမှအဲ့ထဲကထွက်မလာကြနဲ့!"

"....... "

ယီကွမ်းမှာထိုသို့ဆိုပြီးနောက်သူ၏လက်နက်များကိုအသင့်ပြင်ကာရှန်းလင်းယဲ့ကိုရင်ဆိုင်ရန်ပြင်လိုက်သည်။ ရှန်းလင်းယဲ့သည်ကားသူ၏ရန်လိုမှု၌သဘောတကျရယ်မောလာခဲ့ပေ၏။

"မင်းကအရမ်းရက်စက်တာပဲ။ကိုယ့်မှာမင်းကိုတိုက်ခိုက်လိုစိတ်မရှိပါဘူး။မင်းသာ အသာတကြည်လိုက်ခဲ့ရင်ပေါ့~"

"ခင်ဗျားကဘယ်တုန်းကများကတိတည်ဖူးလို့လဲ? "

"ဟား~ မင်းကတစ်ကယ်ကိုမာန်ပြင်းတဲ့လူမျိုးပဲ။ အဲ့လိုရှောင်ကွမ်းက ပိုသဘောကျဖို့ကောင်းတာ "

ရှန်းလင်းယဲ့မှာယီကွမ်း၏မရဏအပ်ဖျားကိုးချောင်းကိုရှောင်ရှားရင်း ယီကွမ်းထံသို့တဖြည်းဖြည်းချဥ်းကပ်ရန်ပြင်လာခဲ့သည်။ ယီကွမ်းသည်ဓားမြှောင်ကိုအသင့်ပြင်လိုက်ရင်း ရှန်းလင်းယဲ့ကိုရင်ဆိုင်ရန်အပြု သူ၏ရှေ့၌တစ်စုံတစ်ဦးကပိတ်ရပ်လာခဲ့ပြီး ဓားရှည်ဖြင့်ရှန်းလင်းယဲ့ကိုပိတ်ပင်တားဆီးလာခဲ့၏။ ယီကွမ်းသည်သူ၏မျက်စိရှေ့မှလူကိုအမြင် အံ့အားသင့်စွာဖြင့်နှုတ်ဆက်မိရပေ၏။

"ရှစ်ဖူ!?"

" ယီကွမ်း အဲ့မိန်းကလေးတွေကိုခေါ်ထုတ်ပြီးသွားတော့ "

"ဒါပေမယ့်.... "

"စိတ်မပူပါနဲ့။ ငါသူ့ကိုထိန်းနိုင်ပါတယ်။"

ယဲ့လီချန်းချိုး၏လေးနက်ခြင်းအပြည့်နှင့်ဆိုလာသည့်စကားတွင် ရှန်းလင်းယဲ့ကသဘောတကျရယ်မောလာခဲ့ပြန်သည်။သူက အမှောင်ထုတွင်းမှယဲ့လီချန်းချိုး၏ပုံပန်းသဏ္ဍာန်ကိုစူးစမ်းနေခဲ့ပြီး လက်ထဲမှဓားရှည်ကိုလည်းကြည့်ရှူလာခဲ့သည်။ ထို့နောက်သူ၏ခရမ်းပြာမျက်ဝန်းများမှာရယ်မြူးရိပ်သန်းစွာနှင့်တောက်ပလာရပြီး ယဲ့လီချန်းချိုးထံသို့စကားဆိုလာခဲ့၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now