အခန်း-(၄၆)

2.6K 277 3
                                    

(Unicode )

ကျန်းဟူ၏အဆိပ်(၂)

ဝူရိလျန့်၏စကားကြောင့် သမာသမတ်ဂိုဏ်းသားအားလုံးမှာမျက်နှာပျက်ယွင်းလာရသည်။ သိုင်းလောက၏ဂိုဏ်းချုပ်နေရာပင်မရွေးချယ်ရသေး မိစ္ဆာနံပါတ်နှစ်က ပြိုင်ပွဲသို့ပြဿနာလာရှာနေပေပြီ။ ထို့အပြင် သူတို့မှာ မိစ္ဆာဂိုဏ်းကလူများနှင့်မတိုက်ခိုက်လိုကြပေ။ မိစ္ဆာသိုင်းသမားများဟူသည်အနိုင်ရရန်အတွက်မည်သည့်နည်းလမ်းမဆိုသုံးရဲကြပြီး အငြှိုးထား၍သတ်ပစ်ရန်လည်းဝန်မလေးကြပေ။ ထို့ကြောင့် ဝူရိလျန့်ကိုလည်းယုံကြည်၍မရပေ။ မော့ယွိကအဆိပ်ကိုအထူးပြုသောမိစ္ဆာဂိုဏ်းဖြစ်၍တိုက်ခိုက်နေစဥ် အဆိပ်မခတ်ဟုမည်သူကပြောနိုင်ပါအံ့နည်း။

သို့သော် သမာသမတ်ဂိုဏ်းသားအများစုမှာ မိစ္ဆာသခင်နံပါတ်နှစ်ဟုကျော်ကြားသောဝူရိလျန့်ကို စကားစကာမဆိုရဲကြပါချေ။ ဝူရိလျန့်က ကျန်နှစ်ဦးကဲ့သို့လွန်စွာရူးသွပ်ပြီး သတ်ဖြတ်ခြင်းအားစွဲလမ်းနေသောသူမဟုတ်စေကာမူ သူ့အားလာထိပါးသူကိုကောင်းသောသေခြင်းဖြင့်သေခိုင်းမည့်သူတော့မဟုတ်ပေ။ ဝူရိလျန့်ထံ၌လည်းကိုယ်ပိုင်ရက်စက်တတ်သောနည်းလမ်းရှိပေ၏။
ထို့အပြင် မိစ္ဆာသုံးဖော်ဟူသောအမည်နာမမှာအလကားရယူထားခြင်းမဟုတ်ပေ။ ထိုသုံးဦးမှာ
မိစ္ဆာသိုင်းသမားများအနက် အထူးချွန်ဆုံးသိုင်းပညာကိုပိုင်ဆိုင်ထားကြပြီးမိစ္ဆာသိုင်းသမားသာမက၊သမာသမတ်သိုင်းသမားများပါကြောက်ရွံ့ရသောသူများဖြစ်ပေ၏။ ထိုအချင်းအရာများကြောင့်မည်သူကမှစကားမစရဲဖြစ်နေခဲ့သော်လည်း ချိုးလန်ဂိုဏ်းချုပ်ကမူတိတ်ဆိတ်နေ၍မရခဲ့ချေ။သူကပွဲကိုဦးစီးကျင်းပသူဖြစ်ကာတာဝန်ရှိသူတစ်ဦးလည်းဖြစ်သည်မို့ ဝူရိလျန့်၏အတင့်ရဲမှုကိုဤအတိုင်းငြိမ်ခံနေလိုက်ရန်မဖြစ်ပါချေ။ သို့နှင့် ဂိုဏ်းချုပ်ဟယ့်ရှန်မှာ ယဲ့လီချန်းချိုးကိုသာစိုက်ကြည့်နေခဲ့သောဝူရိလျန့်ကို ပြောကြားခဲ့၏။

"မိစ္ဆာတွေဆိုတာစည်းမျဥ်းနားမလည်မှန်းသိပေမယ့် ဝူရိလျန့်မင်းကတော့တရားလွန်လာပြီ။ ငါတို့ဂိုဏ်းရဲ့ဧရိယာထဲကိုဝင်လာပြီး ရိုင်းစိုင်းစွာပြုမူနေတယ်။မင်းက ငါတို့ချိုးလန်ကိုပေါ့သေးသေးဂိုဏ်းတစ်ခုလို့ထင်နေတာလား?"

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now