အခန်း-(၃၁)

3.8K 403 13
                                    

(Unicode)

အဆိပ်သင့်သောအတိတ်

ယီကွမ်း၏နှုတ်ဆက်မှုကြောင့် အနီရောင်ဝတ်ရုံဝတ်ဆင်ထားသော ဝူရိလျန့်က သဘောတကျရယ်မောလာပြီး သူ၏နံဘေးမှ အနက်ရောင်ဝတ်ရုံရှင်အမျိုးသမီးတဖြစ်လဲ အကြီးအကဲချင်ကမူ အေးစက်သည့်မျက်နှာထားဖြင့်ရှိနေဆဲသာလျင်......။

ဝူရိလျန့်၏နဂိုသွင်ပြင်ဟန်ပန်အတိုင်းပင် ပျော်မြူးတက်ကြွသောအသွင်အပြင်က ထင်ဟပ်လျက်ပင်....။ သူကယီကွမ်းအနီးသို့ချည်းကပ်ကာ စကားဆိုလာခဲ့သည်။

"အခုတလော ခေါင်းဆောင်ယီက အရမ်းအလုပ်များနေပုံပါပဲ။ ဝမ်ဖူထဲကတောင်ရအောင်ထွက်လာတယ်ဆိုတော့... "

" ဂိုဏ်းချုပ်ဝူစိတ်ပူပေးတာကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လိုရင်းကိုပဲ ပြောရအောင်။ ဂိုဏ်းချုပ်ဝူ ကျွန်တော်နဲ့ ဘာကိစ္စများရှိလို့ပါလဲ?"

"ဟားဟား ခေါင်းဆောင်ယီကအရင်ကလို တည့်တိုးသမားဖြစ်နေတုန်းပဲကိုး။ အရမ်းမလောပါနဲ့ ခေါင်းဆောင်ယီကို သတင်းပေးစရာရှိလို့လာခဲ့တာပဲ။ "

ဝူရိလျန့်၏စကားကြောင့် ယီကွမ်းမှာ စောင်းငဲ့ကြည့်ရှုလာခဲ့ပြီး စိတ်ဝင်စားဟန်ဖြင့်မေးမြန်းလာခဲ့၏။

"ဘာများပါလိမ့်?"

"ခေါင်းဆောင်ဟောင်းအန်းယိရဲ့ လူတွေက မင်းကိုဖြုတ်ချဖို့ကြံနေကြတယ်။ "

"......."

ခေါင်းဆောင်ဟောင်းဆိုသည့်စကားကိုကြားသည်နှင့် ယီကွမ်း၏မျက်လုံးများ၌ အသူရာချောက်အလား အေးစက်နက်ရှိုင်းလှသော အမူအရာတစ်ခုဖြတ်ပြေးသွားရပြီး ဝူရိလျန့်ထံသို့ တန်ပြန်ကြည့်ရှုလာခဲ့သည်။ ဝူရိလျန့်သည်ကား သူ၏မူပိုင်ရယ်မြူးရိပ်သန်းသော အနီရောင်မျက်ဝန်းတစ်စုံနှင့်ရှိနေဆဲပါပေ။

"အဲ့ဒီအုပ်စုကအခုအချိန်ထိလက်မလျှော့သေးဘူးပဲ။ ဒါပေမယ့် သူတို့ကိုဂရုစိုက်နိုင်တဲ့အချိန်မရှိသေးဘူး။ "

"အဲ့ဒါကြောင့်ပဲ ကမ်းလှမ်းပါရစေ။ ခေါင်းဆောင်ယီရဲ့အရှုပ်အထွေးတွေကို ရှင်းပေးမယ်။ ဒါပေမယ့် ကတိပေးရမယ်။ "

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now