အခန်း(၅)

9.2K 1.2K 12
                                    

(Unicode)

"ကံကြမ္မာကို ဆန့်ကျင်ခြင်း "







ပြန်လည်မွေးဖွားလာသည့်နောက်
လီဝူရှင်းနှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှုအပြီး ယီကွမ်းသည်ကား သည်တစ်ခါ၌မူ
အတိတ်ဘဝမှကဲ့သို့
အချစ်နာကျခြင်းမျိုးလည်း ဖြစ်မနေတော့....။
ယီကွမ်း၏ စိတ်တွင်း၌ကား တစ်ခုသော ရည်မှန်းချက်ပန်းတိုင်သာရှိသည်မို့  ထိုရည်မှန်းချက် အကောင်အထည်မဖော်နိုင်မချင်း အနားယူဖို့ရာ မဖြစ်နိုင်ခဲ့....။
ဤသည်က ယီတိုင်းပြည်အား အန္တရာယ်ကင်းပြီး လီတိုင်းပြည်၏ဖျက်စီးခြင်းကို မခံရစေရန်ပင်...။

ယီကွမ်းသည်ကား ယခုအချိန်၌ ယီတိုင်းပြည်၏ ဉာဏ်ရည်အထက်မြက်ဆုံးသော သူများအနက် တစ်ဦးသောသူဖြစ်လာခဲ့ပြီး သူ၏လက်ရုံးရည်ကမူ အစ်ကိုတော်များထပ် အားနည်း၍ နေချေသေးသည်။

ဤသည်အား ယီကွမ်းက အားမလိုအားမရဖြစ်နေရခြင်း...။

သူ၏သိုင်းပညာအစွမ်းက ထင်သလောက် တိုးတက်မလာသည်မို့  ယီကွမ်းသည် ခမည်းတော်အား အပူကပ်၍ နန်းတော်တွင်းမှ ထွက်ခွာကာ ဆရာရှာဖို့ရာ ဖြစ်လာခဲ့၏။

ယီကွမ်း၏ မူလရည်ရွယ်ချက်က စစ်သူကြီး ဟေကျုံးနောက်သို့လိုက်ကာ
စစ်ဗျူဟာကျွမ်းကျင်သော စစ်သူကြီးတစ်ဦးဖြစ်ချင်မိသော်ငြား
ယီကွမ်းအား မင်းသမီးလေးတစ်ဦးကဲ့သို့ သည်းသည်းလှုပ်သည့် မိသားစုကား အန္တရယ်များသည့်
စစ်မြေပြင်တလင်းသို့ သွားရောက်မည့် ယီကွမ်း၏အကြံအား သဘောမတူခဲ့ပါချေ။

  သို့နှင့် ဒုတိယအကြံဖြစ်သော ဆရာရှာရန်ဟူသည့် အကြံအစည်ကို ထုတ်သုံးခဲ့ရခြင်းဖြစ်ကာ ထိုအကြံကိုပင် သဘောမတူချင်ကြသော်ငြား ယီကွမ်း၏ခေါင်းမာမှုအား မည်သူကမျှ ရွေ့လျားအောင် မလုပ်နိုင်ကြသည်မို့ ခမည်းတော်က ခွင့်ပြုပေးလိုက်ရပေသည်။
ယီကွမ်းသည် ခွင့်ပြုချက်ရရှိပြီးနောက်  မြို့တော်တွင်း၌  ခမည်းတော်၏အရိပ်တပ်ဖွဲ့ဝင် လောင်စန်းနှင့်အတူ
လှည့်လည်သွားလာနေခဲ့သည်။

လောင်စန်းသည်ကား အဓိပ္ပယ်မရှိလှသော ဆင်ကန်းတောတိုးမှုအား လက်သင့်မခံချင်...။
သို့ပေသိ အရှင်သခင်၏ အမိန့်ပင် ဖြစ်သည်မို့ သူက ငြင်းဆန်၍မရ....။
ပုဇွန်ငယ်လေးကဲ့သို့ သေးကွေးလှသော အရှင်သခင်၏ သားဖြစ်သူ ပေါက်ကရပြုသမျှ သူကနောက်မှ လိုက်ရှင်းရုံသာရှိတော့မည်။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now