အခန်း-(၄၇)

2.4K 269 6
                                    

(Unicode)

ငြှိုးရန်၏အရိပ်

ယဲ့လီချန်းချိုးသည် တစ်ဂိုဏ်းတည်းသားချင်းဆီကပင်
သတင်းအစအနပင်ရှာမရသောကျူးယီကြောင့် ပူပန်လာရကာ စားသောက်ပွဲ၌လည်းသူ၏စိတ်ကလွင့်ပျံနေခဲ့သည်။ ဂိုဏ်းချုပ်ဟူသည့်သကာရည်လောင်းသည့်အခေါ်အဝေါ်များ၌ ယဲ့လီချန်းချိုးကအနည်းငယ်မျှပင်ပြုံးယောင်မသန်းလာခဲ့ပေ။ အခြားသူများမှာလည်း ကာယကံရှင်မပျော်ရွှင်သောပွဲ၌ ဟန်ဆောင်ပြုံးရယ်နေကြကာ အနေရခက်လာကြရသည်။
ယဲ့လီချန်းချိုးမှာ စိတ်ကျဥ်းကြပ်ဟန်ရှိသော လူထုကိုတစ်ချက်ကြည့်ရှုပြီး ဟယ့်ရှန်စီစဥ်ပေးထားသော အနားယူရန်အခန်းကိုသာအရင်သွားနှင့်မည်ဖြစ်ကြောင်းပြောကြားလာခဲ့သည်။ အခြားသောဂိုဏ်းချုပ်၊သိုင်းသမားများမှာ ယဲ့လီချန်းချိုး၏မပျော်မရွှင်ဖြစ်နေသည့်စိတ်ကိုမှန်းဆမိရကာ ဆွဲထားရန်မတွေးကြတော့ပေ။ ဂုဏ်ပြုကြောင်းသာဆိုကြပြီး ကိုယ်ပိုင်နားနေခန်းများဆီသို့အသီးသီးနှုတ်ဆက်ထွက်ခွာသွားကြပေတော့၏။ ယဲ့လီချန်းချိုးမှာ ဂုဏ်ပြုသည့်အနေဖြင့်တိုက်သည့်
သေရည်များများသောက်သုံးမိသောအရှိန်ကြောင့် စိတ်များကထွေပြားလာရကာ အခန်းသို့ပြန်ရန်ခြေလှမ်းများကယိမ်းထိုးနေသည့်နောက် လျန်ရှို့ကသူ့ကိုတွဲကူလာသည်။
ယဲ့လီချန်းချိုးကိုအခန်းသို့ပြန်ပို့ပေးပြီးနောက် လျန်ရှို့မှာအလိုက်တသိထွက်ခွာသွားတော့သည်။ လျန်ရှို့ထွက်ခွာသွားသည့်နောက်
ယဲ့လီချန်းချိုးမှာ အိပ်မပျော်နိုင်တော့သည်မို့ အိပ်ရာထက်မှထထိုင်မိသည်။ သူ၏ခေါင်းသည်လည်းသေရည်၏ဆိုးကျိုးကြောင့်မူးဝေနေခဲ့သည်မို့ခေါင်းကိုအသာဖိရင်း အမှောင်ထုတွင်း၌တစ်ယောက်တည်းခပ်တိုးတိုးစကားဆိုလာခဲ့၏။

"ငါနည်းလမ်းမရှာနိုင်တော့ဘူးလား?"

"ဘယ်လိုလုပ်ရမလဲ?"

"ကျူးယီက ငါ့ကိုလိမ်သွားတာဆိုရင် ငါဘာဆက်လုပ်ရတော့မှာလဲ?"

ယဲ့လီချန်းချိုး၏ကူကယ်ရာမဲ့သည့်မေးမြန်းစကားခပ်တိုးတိုးသည်ကား မည်သူမှမကြားနိုင်လောက်အောင်တိုးတိမ်နေခဲ့ပြီး တုံ့ပြန်မှုပြန်မရခဲ့ပါချေ။ သူ၏စိတ်တစ်ခုလုံးမှာလည်းခံစားချက်များနှင့်ရှုပ်ထွေးနေခဲ့ပြီး သွေးသံရဲရဲအသက်မဲ့ခန္ဓာတစ်ခု၊သွေးအန်ကာဖြူဖျော့နေသည့်တစ်စုံတစ်ဦးသည်တစ်ဦးတည်းအဖြစ်ပေါင်းစည်းသွားခဲ့ပြီး ယဲ့လီချန်းချိုး၏မျက်ဝန်းအစုံမှာမျက်ရည်စတို့စိုစွတ်လာခဲ့ပါ၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now