အခန်း-(၄၉)

2.4K 295 4
                                    

(Unicode)


နတ္ထိဖြစ်သည့်ခံစားချက်များ

ယီကွမ်းသည်သူ၏ထုံးစံအတိုင်းစာအုပ်တစ်အုပ်ကိုဖတ်ရှုရင်းအနားယူနေစဥ်၌ လီဝူရှင်းကဟန်ချင်းကိုခေါ်ဆောင်လျက်လင်းဟွေ့အဆောင်သို့ရောက်ရှိလာပြီး သူ၏အခြေအနေကိုစစ်ဆေးလာသည်။ ယီကွမ်းမှာ လီဝူရှင်းကအခြေအနေ
အလုံးစုံကိုသိရှိပြီးသားဖြစ်သည်မို့ သမားတော်ဟန်ချင်း၏စစ်ဆေးမှုကိုအသာတကြည်ခံယူလိုက်သည်။ သူ၏အခြေအနေကပို၍မဆိုးဝါးသွားလျင်တောင် တိုးတက်လာခြင်းမရှိပေ။ ဟန်ချင်းသည်ကား သူ၏ရောဂါဇစ်မြစ်ကိုသေချာစွာလေ့လာ၍ နည်းလမ်းကိုမရရအောင်ရှာဖွေမည်ဟုကတိကဝတ်များစွာပြုသွားသော်လည်းယီကွမ်းမှာမျှော်လင့်ချက်များစွာမထားရှိထားပါချေ။ ဟန်ချင်းကအလျင်ပြန်သွားသည့်နောက်ပင် လီဝူရှင်းကလင်းဟွေ့အဆောင်၌ရှိနေသေးသည်မို့ ယီကွမ်းကအကြည့်ဖြင့်မေး​မြန်းလာသည့်နောက်လီဝူရှင်းက သူ့ကိုနစ်နဲစွာစူးစိုက်ကြည့်လျက်ပြောကြားလာခဲ့၏။

"မင်းသေဖို့ကိုလုံးဝမစဥ်းစားနဲ့။ကိုယ်မင်းကိုရအောင်ကယ်မယ်။ "

"...... ဂရုမစိုက်လည်းရတယ်။ "

"ရုံရွှယ်..... မင်းသာနေပြန်ကောင်းလာမယ်ဆို ကွာရှင်းခွင့်တောင်းဆိုပြီးမင်းရဲ့တိုင်းပြည်ကိုပြန်မယ်ဆိုရင်တောင်ကိုယ်ခွင့်ပြုပေးမယ်။ အဲ့ဒါကြောင့်...."

'မသေပါနဲ့။သေရမယ့်သူက မင်းမဟုတ်ဘူး '

လီဝူရှင်း၏စကားကြောင့်ယီကွမ်းကသဘောတကျရယ်မောလာခဲ့ပြီးသူ၏မျက်ဝန်းများသည်ကားအေးစက်နက်မှောင်နေခဲ့သည်။ သူကဟာသတစ်ခုကိုကြားလိုက်ရသည့်အလားရယ်မောလာပြီးမှ ကုတင်ထက်၌ပျင်းရိစွာမှီထိုင်ရင်း လီဝူရှင်းကိုလှောင်ပြုံးတစ်ပွင့်နှင့်သာဆိုလာခဲ့၏။

"ဝမ်ရယ် ဒါတွေကိုလုပ်နေရတဲ့အကြောင်းအရင်းကိုနားမလည်နိုင်ဘူး။ ဘာများထူးခြားသွားမှာမို့လဲ?"

"မင်းပျော်ရွှင်ဖို့ပဲမျှော်လင့်တာပါ။"

"ဟက်! ပျော်ရွှင်မှု?.....အဲ့ဒါကဟိုးအရင်တည်းကမရှိတာကြာလှပြီ။ "

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now