အခန်း-(၅၁)

2.5K 296 14
                                    

(Unicode )

"ပွဲတော်၌သွေးစွန်းခြင်း"(၂)

"ဧကရာဇ်နဲ့ဧကရီကြွချီလာပါပြီ။ "

နွေဦးပွဲတော်သို့တက်ရောက်ရန်ဖိတ်ကြားခံထားရသော်မှူးမတ်၊မင်းညီမင်းသားများမှာ ဧကရာဇ်နှင့်ဧကရီကိုမတ်မတ်ရပ်လျက်အရိုအသေပေးကြပေသည်။ ဧကရာဇ်ကထိုင်ရန်အချက်ပြလိုက်ကာ သေရည်တစ်ခွက်နှင့်အားလုံးကမြှောက်စားပြီးသည့်နောက် ပွဲတော်၌ပျော်ရွှင်စွာဖြတ်သန်းရန်ပြောကြားလာသည့်နောက်
အကုန်လုံးကနေရာကိုယ်စီ၌ထိုင်ကြပြီးပွဲတော်၌ပျော်မြူးခံစားရန်ကြံစည်ကြတော့သည်။

ပွဲတော်ဟူသည်သေရည်၊အကအလှ၊ဖျော်ဖြေမှုပေါင်းစုံ နှင့်ပန်းများ၏အလှကိုခံစားရှုစားရမည့်အခါသမယဖြစ်ကာ ဘုရင်မင်းမြတ်အပါအဝင်ပွဲပရိတ်သတ်များကလည်း ပွဲ၏ပျော်ရွှင်မှုကိုအပြည့်အဝခံစားနေကြပေသည်။သို့သော် ပွဲတော်၌ပါဝင်ခံစားနိုင်ခြင်းမရှိပဲစိတ်လောနေသည့်လူများလည်းရှိနေသေးပေ၏။

ယီကွမ်းသည် သေရည်တစ်ခွက်ကိုလက်တွင်း၌ကိုင်ရင်းဖျော်ဖြေမှုများကိုသာမျက်တောင်မခတ်တမ်းကြည့်ရှုနေခဲ့သည်။ ပျင်းရိဖွယ်မကောင်းသည့်အလားကြည့်ရှုနေမှု၌ လီဝူရှင်းကသူ့ကိုခဏတာမျှစူးစမ်းလာပြီး သူ့ကိုစူးစိုက်ကြည့်နေဟန်ရှိသည့်လီလျန့်ထံသို့အကြည့်ရောက်သွားခဲ့သည်။လီလျန့်က သူ၏တန်ပြန်အကြည့်ကိုခံစားမိသည့်အခါအကြည့်လွှဲသွားခဲ့ပြီးသေရည်ကိုသာသောက်သုံးနေတော့သည်။
လီဝူရှင်းသည်ကားသူကိုယ်တိုင်သောက်သုံးနေသည့်သေရည်ခွက်ကိုသာကြည့်ရှုမိရသည်။ထိုသေရည်ကအဆိပ်ပါဝင်မှုမရှိနိုင်သည်ကသေချာသလောက်ဖြစ်သည်မို့ ဧကရီလျန်စီစဥ်ထားသောပြဇာတ်မှာအဘယ်သို့ပုံစံရှိသနည်းဆိုခြင်းကိုသူသေချာမမှန်းဆနိုင်ပေ။ သို့သော် အခြေအနေကိုလိုက်၍ဖြေရှင်းနိုင်မည်မှန်းသူသေချာသိထားပေသည်။ အဘယ်ကြောင့်ဆိုသော်ဧကရီလျန်သူ့ကိုသေကြောင်းကြံစည်ခဲ့သည်က သူမွေးဖွားပြီးစဥ်ကတည်းကဖြစ်၍ပင်.....။ သူမ၏ကောက်ကျစ်သောအကြံများ၌ သူကခက်ခဲကြမ်းတမ်းစွာအသက်ရှင်လာသောသူပေမို့ သူမ၏ရက်စက်ကောက်ကျစ်သောအကြံစည်များကိုမမှုတော့ပါချေ။
သို့သော် ယခင်ဘဝကိုတွေးတောမိသည့်အခါ သူ၏မျက်ဝန်းများကအေးစက်သွားရသည်။ သူမက သူ့ကိုသာမကသူတန်ဖိုးထားရသောသူများ၏ဘဝများကိုပါဖျက်စီးခဲ့သောယုတ်မာကောက်ကျစ်သောမိန်းမတစ်ဦးဖြစ်၏။ သူမ၏ကောက်ကျစ်လှသောစနက်များ၌ သူ၏ဝမ်ဖေးကပါအသက်ပေးလိုက်ရခြင်းဖြစ်သည်လေ။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now