အခန်း(၁၁)

8K 1.3K 29
                                    

(Unicode)




"ရန်ဝမ်ဖူ"


ယီကွမ်းတို့မှာ
ချန်ရှီမြို့၌ ခဏတာအနားယူပြီးမှသာ လီတိုင်းပြည်၏ နန်းမြို့တော်သို့ ခရီးဆက်ခဲ့ကြသည်။ ဖုန်းရှောင်းယွီသည်ကား သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို စစ်သူကြီးထံ ပြောပြချင်လှသည်မို့ စိုင်းပြင်းကာ
ခရီးနှင်လျက်ရှီပြီး
ယီကွမ်းသည်လည်း ထိုကဲ့သို့ အဆောတလျင်နိုင်မှုအား
သိပ်ပြီးဂရုမထားချေ။
လက်ထပ်ပွဲက
သန်ဘက်ခါမှသာ
ပြုလုပ်မည်ဖြစ်ပြီး ယခုအချိန် သူက နန်းမြို့ရိုးကိုမြင်နေရပြီမို့
အချိန်မမှီခြင်းကို
စိုးရိမ်ပူပန်မှုမရှိချေ။
နန်းမြို့ရိုးကိုကျော်လွန်ကာ ခရီးနှင်လာရင်း ရန်ဝမ်ဖူအရှေ့၌
လှည်းကိုရပ်တန့်လိုက်သည့်အခါ ယီကွမ်း၏အနားယူဟန် မှိတ်ထားခဲ့သော မျက်ဝန်းနက်နက်တို့က
ပွင့်ဟလာခဲ့၏။

အနီးအနားမှ လူအများသည်
စစ်သည်များတသီတတန်းနှင့် လှည်းယာဉ်တော်က ရန်ဝမ်ဖူအရှေ့၌ရပ်တန့်လိုက်သည့်အခါ  အားလုံးက စပ်စုဟန်ဖြင့် ကြည့်ရှုနေကြ၏။ လှည်းယာဉ်ထက်မှ ပန်းနုရောင်စကတ်လေးနှင့် မိန်းမငယ်လေးတစ်ဦးက အလျင်ဆင်းလာပြီး
သူမ၏လက်ကမ်းလင့်မှု၌
တစ်စုံတစ်ယောက်က
ဆင်းသက်လာခဲ့သည်။
သူတို့အားလုံးမြင်နေရသည်က
အမျိုးသား ၊အမျိုးသမီးမသဲကွဲသော
ကျောပြင်သာဖြစ်ပြီး
သူက ပဝါခမောက်ကို
တပ်ဆင်ထားသည်မို့ မျက်နှာကို
မြင်နိုင်စွမ်းမရှိချေ။ သူ၏အနောက်ပါး၌မူ ကြောက်မက်ဖွယ် နှင်းဝံပုလွေတစ်ကောင်က အဝါရောင်မိန်းမငယ်တစ်ဦးနှင့်အတူ
ခုန်ဆင်းလာပြီး ပဝါခမောက်ဆောင်းထားသောသူအား ပွတ်သီးပွတ်သပ်ပြုမူနေ၏။ မိန်းမငယ်နှစ်ဦးက အစေခံများဖြစ်ဟန်ရှိပြီး အဖြူရောင်အရိပ်၏ တဖက်တချက်ဆီ၌
နေရာယူထားကာ
တံခါးဝ၌ရိုကျိုးစွာ
စောင့်ကြိုနေသော
ရန်ဝမ်ဖူမှ ဖုချို၏ ဦးဆောင်မှု၌ ရန်ဝမ်ဖူ အတွင်းသို့ ဝင်ရောက်သွားတော့၏။

သို့နှင့် သူတို့အားလုံးမှာ ခန့်မှန်းခြေအရ
ရန်ဝမ်ဖေးဖြစ်နိုင်သော အမျိုးသားငယ်ကို မြင်လိုက်နိုင်စွမ်းမရှိတော့ချေ။
အချို့လူများဆိုလျင်
နှမြောတသဖြစ်စွာနှင့်
စုပ်ပါသပ်လျက်ရှိကြပေ၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now