အခန်း-(၁၉)

6.1K 815 14
                                    


(Unicode)


"စဲ့ဖေးရွေးချယ်ခြင်း"

မနက်ခင်းသို့အရောက် ယီကွမ်းမှာ သူ၏ဆံပင်အား
ပိအာပြင်ဆင်ပေးနေသည်ကို
ခံယူရင်းရှိနေသည့်အခိုက်
ကြီးမားမားသတင်းတစ်ခုနှင့်
မိတ်ဆက်ခံလိုက်ရပေ၏။
လီဝေ့မျန့်သေဆုံးသွားပြီဟူသည့်
သတင်းက နန်းတော်တွင်းမှာပင် ပွက်လောရိုက်လျက်ရှိနေပြီး
လီဝေ့မျန့်၏မွေးမယ်တော် ရှန်းဖေးမှာ သတင်းကြားအပြီး
နေရာ၌ပင်သတိလစ်မေ့မြောသွားခဲ့သည်ဟုဆိုကြပေ၏။ ယီကွမ်း၏မျက်နှာက အံဩခြင်းအလျင်းမရှိ...
ခံစားချက်မဲ့သော မျက်နှာဖြစ်နေသော်ငြား သူ၏မျက်ဝန်းများကမူ တစ်စုံတစ်ခုကိုတွေးတောနေဟန် အရောင်လဲ့လျက်ရှိ၏။

'ယီွရှန်းဖေးက ဧကရီနဲ့အတူရပ်တည်ပါဦးမလား သူ့ရဲ့ချစ်လှစွာသော သားက သူတို့လက်ချက်ကြောင့်သေသွားရတာကို လျစ်လျူရှုနေတာကိုမြင်ရင်လေ..'

ယီကွမ်းမှာ ကိစ္စများကတနေ့ထက်တနေ့ပို၍
စိတ်ဝင်စားဖို့ကောင်းလာကြောင်း
တွေးမိပြီးနောက်
သူဖတ်ရှုနေကျ စစ်ဗျူဟာကျမ်းကို ကောက်ကိုင်လိုက်မိသည်။ လက်ဖက်ရည်အိုး
တစ်အိုးနှင့်အတူ သူ၏မနက်ခင်းကို အေးဆေးသက်သာစွာ ဖြတ်သန်းမည်အပြု
မလုိလားအပ်သော သူကရောက်လာပြန်၏။

လီဝူရှင်း....
သူက လီဝေ့မျန့်​သေဆုံးမှုကြောင့်
အလုပ်များနေသည့်ကြားမှ ယီကွမ်း၏ကျန်းမာရေးအခြေအနေကိုလာရောက်ကြည့်ရှုပေးသည်ဆိုသည်က
စိတ်လှုပ်ရှားချင်စရာအတိပင်....။
သို့သော် ယီကွမ်းကမူ အေးစက်စက်သာ
ပြုံးနေခဲ့သည်။
လီဝူရှင်းသည်လည်း သူ၏မူလခံစားချက်မဲ့သော မျက်နှာထားနှင့်သာရှိနေခဲ့ပေ၏။

"မင်းရဲ့ကျန်းမာရေးအခြေအနေအဆင်ပြေရဲ့လား?"

"အခုသက်သာသွားပါပြီ ဝမ်ရယ်"

"နန်းတွင်းသမားတော်ခေါ်ထားပေးတယ် သူနေ့လည်ကျရင်ရောက်လာလိမ့်မယ်။ "

"ဂရုစိုက်ပေးတာကျေးဇူးတင်ပါရဲ့ ဝမ်ရယ် ဒါပေမယ့် ကျွန်တော်သက်သာနေပါပြီ။ ဒါကသမာရိုးကျဖြစ်နေကျ
အအေးမိတာမျိုးပါပဲ။"

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now