အခန်း-(၂၂)

6.4K 932 68
                                    

(Unicode)




"ဖယ်ရှား၍မဖြစ်နိုင်သော ကံကြမ္မာ"

လီမင်းသားညီအစ်ကိုများနှင့်စားသောက်ပွဲကျင်းပပြီးသည့်နောက် ယီကွမ်းမှာ ဆက်လက်လည်ပတ်ချင်စိတ်မရှိတော့သည်ကိုရိပ်စားမိသည့်လီဝူရှင်းမှာ ယီကွမ်းနှင့်အတူရန်ဝမ်ဖူသို့ပြန်လာခဲ့တော့သည်။ ယီကွမ်းမှာလည်း သူ၏စိတ်နှင့်အတူ
မကျန်းမာသောခန္ဓာကြောင့်
ပင်ပန်းနွမ်းနယ်စွာနှင့်ရန်ဝမ်ဖူသို့ပြန်လည်ရောက်ရှိလာခဲ့သည်။ လီဝူရှင်းကလည်း
ယီကွမ်း၏ပင်ပန်းနေသည့်ဟန်ကိုအမြင်
လင်းဟွေ့အဆောင်ထိလိုက်ပို့ပေးရင်း
မိအာနှင့်ပိအာကို ဂရုစိုက်ပေးရန်မှာကြားပြီးထွက်ခွာသွားတော့သည်။

ယီကွမ်းမှာ လီဝူရှင်းအကြောင်းအား
မိအာနှင့်ပိအာ၏မေးခွန်းပြုချင်သည့်ဟန်များကိုမြင်လိုက်သော်ငြား
ပင်ပန်းနေပြီဖြစ်သော
သူ၏ခန္ဓာကြောင့်မည်သည်မှမဆိုပဲ
စောစော အိပ်ရာဝင်ရန်သာ ပြင်ဆင်တော့သည်။ မိအာနှင့်ပိအာကလည်း
ပင်ပန်းနွမ်းနယ်နေသည့်သူ၏သွင်ပြင်ကိုအမြင် အိပ်ရာပြင်ဆင်ပေးပြီး
ဂျင်းရေနွေးကြမ်းပူပူတစ်ခွက်ကို
ပြင်ဆင်ပေးကာ ယီကွမ်းအိပ်ဆောင်မှ ထွက်ခွာသွားတော့သည်။ ယီကွမ်းမှာ သူ၏
ခါးထိရှည်သည့်ဆံပင်ကိုအသာဖြည်ချရင်း အနားယူတော့ရန်အပြု
ထျန်းပေါင်၏
ရုတ်တရက်ရောက်ရှိလာမှုကြောင့်
အိပ်ရာထက်၌အသာထိုင်ရင်း မျက်စိရှေ့မှထျန်းပေါင်ကိုဘာကိစ္စနည်းဟု
မေးမြန်းဟန်ဖြင့်ကြည့်ရှုလာ၏။

"အရှေ့နန်းဆောင်ဘက်ကသတင်းပို့လာတယ်။
မော့ယွိကဆေးကအရှေ့နန်းဆောင်ကိုရောက်ရှိသွားတာ တစ်လကျော်ပါပြီ။ အာနိသင်ပြနိုင်ပါ့မလားလို့ သူမကစိတ်ပူနေတယ်။ ခေါင်းဆောင်အနေနဲ့ဘယ်လိုထင်သလဲ?"

ထျန်းပေါင်၏လာရင်းကိစ္စကို
သိရှိသွားသည့်နောက်
ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော
ယီကွမ်းမှာပျင်းရိစွာဖြင့်ပင်
သူ၏ဆံပင်ရှည်များကို
ကိုင်တွယ်လျက်မှပင်
ဖြည်းညင်းစွာဆိုလာခဲ့၏။

"အဲ့ဆေးကထိပ်တန်းအဆိပ်ပညာရှင်တွေရှိတဲဲ့မော့ယွိကနေရလာတဲ့ဆေးပဲအာနိသင်မသက်ရောက်ဘူးဆိုတာရှိပါ့မလား?"

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now