အခန်း-(၅၆)

2.5K 282 5
                                    


ထိမ်းမြားမဂ်လာနှင့်ကွဲကွာခြင်း

ယီကွမ်းသည်ညကပင်ပန်းနွမ်းနယ်စွာအိပ်ပျော်သွားသည့်နောက် ဘာဆက်ဖြစ်သနည်းဆိုသည်အားတစ်ခုတလေမှမသိပေ။သို့သော် သူကအိပ်ရာထက်၌အိပ်လျက်အနေအထား၌ပင်နိုးထလာခဲ့ပြီး မိအာနှင့်ပိအာကိုမေးကြည့်သည့်အခါ ဝမ်ရယ်ကမနေ့ညကတည်းကအဆောင်သို့ပြန်သွားခြင်းဖြစ်ကြောင်းပြန်လည်​ဖြေကြားလာသည်။

ယီကွမ်းမှာ သူမတို့နှစ်ဦး၏အဖြေ၌ဆက်လက်မေး​မြန်းမနေတော့ပဲ ကိုယ်လက်သန့်စင်ပြင်ဆင်ပြီးနောက် မနက်စာစားသောက်ရန်သာပြင်ဆင်နေခဲ့သည်။ ယီကွမ်းမနက်စာစားသောက်နေသည့်အခိုက်အတန့်၌ပင်
ထျန်းပေါင်ကသူ့ကိုပင်ခွင့်မတောင်းနိုင်ပဲအလျင်စလိုဆန်စွာ ဝင်လာခဲ့ပြီး မိအာကထျန်းပေါင်၏မျက်နှာမကောင်းမှုကိုရိပ်စားမိရပြီး
အလိုက်တသိနှင့်ပိအာကိုဆွဲခေါ်ကာ အခန်းတွင်းမှထွက်ခွာသွားတော့သည်။
ယီကွမ်းသည်လည်းမနက်စာစားနေရင်းမှထျန်းပေါင်၏ပျက်ယွင်းသည့်မျက်နှာကိုမြင်သည့်အခါမေးမြန်းမိရပေ၏။

"ဘာကိစ္စရှိလို့လဲ?"

"ခေါင်းဆောင်....ယင်းလော့ သေဆုံးသွားပါပြီ။ သူမက နန်းကျအိမ်ရှေ့စံကိုပါသတ်ပစ်လိုက်ပါတယ်။"

".....ဘာ? ဘယ်လိုဖြစ်သွားတာလဲ?"

"အပျိုတော်တစ်​ယောက်ကချင်းဟွာအဆောင်အိပ်ခန်းဆောင်ကို မနက်ခင်းကိုယ်လက်သန့်စင်ပေးဖို့ဆိုပြီးအကြောင်းကြားဖို့အဝင်နှစ်ယောက်လုံးကြမ်းပြင်မှာလဲကျသေဆုံးနေတာပါတဲ့။ယင်းလော့က အိမ်ရှေ့စံကသူ့ကိုနှိပ်စက်ပြီးမတရားလုယူထားတဲ့အပြင် ဧကရီကပါ အခြားယောကျာ်းတစ်ယောက်နဲ့သူ့ကိုအိပ်ရာဝင်ခိုင်းပြီးကလေးရအောင်လုပ်ခိုင်းလို့နာကျည်းပြီးလက်စားချေတာလို့စာတစ်စောင်ချန်ထားခဲ့ပါတယ်။ "

ထျန်းပေါင်မှာယီကွမ်းကိုတင်ပြရင်းသူ၏စိတ်များကမွန်းကြပ်လာသကဲ့သို့သက်ပြင်းများချလျက်ဆက်လက်ပြောဆိုလာခဲ့သည်။ ယီကွမ်းသည်ကားထျန်းပေါင်၏စကားများကိုမနှောင့်ယှက်ပဲငြိမ်သက်စွာသာနားထောင်နေခဲ့၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now