အခန်း-(၂၈)

4.7K 638 19
                                    

"မရင်းနှီးသောသူစိမ်းတစ်ဦး"


"မတွေ့ရတာကြာပြီနော် အိမ်ရှေ့စံ"

အိမ်ရှေ့စံမှာ သူ့ကိုရိုသေစွာဖြင့်နှုတ်ဆက်လာသည့် ထိုသူကိုအမြင်အံ့အားသင့်သွားရပြီးနောက်
သူ၏အံ့အားသင့်မှုကိုအသာထိန်းလျက်
ထိုသူကိုနှုတ်ဆက်သည့်နောက် ယီကွမ်းမှာထိုပညာရှိအမတ်အသွင်ရှိသောလူမှာ
မည်သူနည်းဆိုသည်အားသိရှိသွားရပေ၏။

"ကျန်းမန်...မင်းပြန်လာပြီလား "

"အစ်ကိုတော်အိမ်ရှေ့စံကိုနှုတ်ဆက်ပါတယ်။ "

လီကျန်းမန်...လီတိုင်းပြည်၏မင်းသားငါးဖြစ်ကာ ဝေ့နိုင်ငံ၌ပညာသင်နေသော
စာပေပညာကိုစိတ်ဝင်စားသည့်အေးချမ်းသောလူတစ်ဦးပင်....။
အတိတ်ဘဝ၌အနှှီလီကျန်းမန်အား
သူတွေ့ဆုံဖူးခြင်းမရှိသကဲ့သို့
ရှန်းခွမ်းဖြစ်ရပ်*ဖြစ်စဉ်ကလည်း ထူးခြားစွာဖြင့်ထိုမင်းသားငါး၏အကြောင်းကိုမည်သည့်နေရာကမှမကြားသိခဲ့ရပေ။
ထိုသူက ယီကွမ်းအတွက်တော့မရင်းနှီးသောသူစိမ်းတစ်ဦးသာလျင် ......။ သို့သော်ထိုသူ၏မြေခွေးမျက်ဝန်းနှင့်တူသော အကြည့်များက သူ့ကိုတမျိုးတမည်စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ယီကွမ်း၏မသိစိတ်၏လှုံ့ဆော်မှုအရ ထိုသူ၏အသွင်အပြင်မှာ သိုးဟန်ဆောင်သည့်ဝံပုလွေအလားပင်....။

ယီကွမ်းမှာမင်းသားငါးကိုစူးစမ်းနေချိန်၌ အနှီမင်းသားငါးကသူ့အကြည့်ကိုခံစားမိသည့်အလားအိမ်ရှေ့စံနှင့်စကားဆိုနေရာမှသူ့ထံသို့စူးစမ်းမှုဖြင့်ကြည့်ရှုလာခဲ့သည်။ ထိုသူက သူ့ကိုစူးစမ်းနေရင်းမှလျင်
အိမ်ရှေ့စံထံသို့မေးမြန်းလာခဲ့၏။

"အစ်ကိုတော်.. သူက?"

"ဒါက ရန်ဝမ်ဖေး.. ဝူရှင်းရဲ့ဇနီီးပဲ။ "

"ဒါဆို သတင်းကြီးနေတဲ့ ယီတိုင်းပြည်ကလာတဲ့ဝမ်ဖေးပေါ့ တွေ့ရတာဝမ်းသာပါတယ်။ အစ်ကိုသုံးရဲ့ဇနီးဆိုတော့မရီးလို့ခေါ်ရမှာပေါ့ ကျွန်တော်ကမင်းသားငါး လီကျန်းမန်ပါ။

ဖြူစင်နူးညံ့စွာဆိုလာသောရင်းနှီးကျွမ်းဝင်နေသည့်နှုတ်ဆက်ဟန်ကြောင့်
ယီကွမ်း၏ စိတ်တွင်း၌အေးစက်မှုကိုခံစားလိုက်ရသော်လည်း သူက
မင်းသားငါးနည်းတူပင်အပြုံးနှင့်ဖော်ရွေစွာနှုတ်ဆက်လိုက်မိပေ၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now