အခန်း-(၂၆)

5.1K 549 12
                                    

"ထောင်ချောက်၌ငြိတွယ်ခြင်း"(၁)

လီဝူရှင်းအနေနှင့် သူ၏ခမည်းတော်ခိုင်းစေသည့်တာဝန်အရ ဤတစ်ပတ်ဟူသောကာလ၌ တရားခံကိုစုံစမ်းနေသော်လည်း အသုံးမဝင်လှချေ။ တစ်စုံတစ်ယောက်ကအဖြစ်မှန်မပေါ်စေရန် သူ၏စုံစမ်းမှုကိုလိုက်လံတားဆီးနေဟန်ရှိပြီး ထိုလူတစ်စု၏နှောင့်ယှက်မှုကြောင့် စုံစမ်းစစ်ဆေးမှုမှာတိုးတက်မှုမရှိပေ။

လီဝူရှင်းမှာ အရာမယွင်းသောစစ်ဆေးမှုကြောင့် စိတ်အတွင်းတည်ရှိသောလေးလံမှုနှင့်အတူ ဝမ်ဖူသို့ပြန်လာခဲ့သည့်အခိုက် ယနေ့က သူ၏ဝမ်ဖေးနှင့်ချိန်းဆိုထားသောနေ့ရက်ဖြစ်ကြောင်းအမှတ်ရမိသည့်နောက် သူ၏ခြေလှမ်းများကိုလင်းဟွေ့အဆောင်ဆီသို့ဦးတည်လိုက်သည်။ လင်းဟွေ့အဆောင်သို့အရောက် သူ၏ဝမ်ဖေးမှာ ထုံးစံအတိုင်းပင် အေးအေးလူလူစာအုပ်ထိုင်ဖတ်နေကြောင်းတွေ့ရှိလိုက်ရပြီး သူ့ကိုအမြင် အပြုံးတစ်ပွင့်နှင့်နှုတ်ဆက်သမှုပြုလာ၏။

"ဝမ်ရယ်ရောက်လာပြီလား"

ယီကွမ်းသည်သူ၏အ​ဆောင်အတွင်း၌ အေးဆေးစွာစာအုပ်ဖတ်ရှုနေစဥ်ရောက်ရှိလာသော လီဝူရှင်းကိုအပြုံးနှင့်သာနှုတ်ဆက်လိုက်သည်။ သူတို့နှစ်ဦးမှာ အများအမြင်၌ ပထမတစ်ကြိမ်
အိပ်ရာအတူအိပ်စက်ပြီးသည်မှစ၍ ပိုမိုရင်းနှီးလာသည့်ဟန်ရှိ​​ြကသော်လည်း ယီကွမ်း၏စိတ်ကမူ
ယခင်ကအတိုင်းအေးစက်နေဆဲပါပေ။ သူက မင်းသားနှစ်ကိုဖြုတ်ချရန်ပြုထားသောအကြံအစည်ကြောင့်သာမဟုတ်လျင်
လီဝူရှင်းနှင့်ဤသို့စိတ်ပျက်ဖွယ်ကောင်းအောင်ရင်းနှီးသည့်ဟန်နေမိမည်မဟုတ်ပေ။ ယီကွမ်းသည်သူ၏အတွေးများအားလုံးကိုဘေးဖယ်ထားလိုက်ရင်လိုရင်းကိစ္စကိုသာ
သူကအလျင်ညွှန်းဆိုမိလိုက်ပေ၏။

"ဝမ်ရယ်.. သွားဖို့အဆင်သင့်ဖြစ်ပါပြီလား။ ကြည့်ရတာ...ပင်ပန်းနေတဲ့ပုံပဲ။နောက်နေ့မှသွားကြမလား"

"......ရတယ်။သွားရအောင်"

လီဝူရှင်း၏ပြတ်သားလှသောစကား၌
ယီကွမ်းမှာအပိုစကားမဆိုတော့ပဲ
မတတ်သာသည့်ဟန်ဖြင့်သာခေါင်းငြိမ့်ပြလိုက်သည်။ သူကအသင့်ဝတ်ဆင်ထားသောအဖြူရောင်ဝတ်ရုံကိုဖုန်အသာခါလိုက်ရင်း လီဝူရှင်း၏ဦးဆောင်မှုနောက်သို့လိုက်ပါသွားခဲ့သည်။ နှစ်ဦးသားမှာလှည်းယာဥ်အတူစီးနင်းရချိန်၌ မည်သူတစ်ဦးတစ်​ယောက်ကမှစကားမဆိုကြသော်လည်း ငြိမ်အေးသောပတ်ဝန်းကျင်၌အေးချမ်းသောတိတ်ဆိတ်မှုဖြင့်နေသားကျလျက်ရှိကြသည်။ လီဝူရှင်းကမျက်လွှာကိုအသာပိတ်လျက် ဆိတ်ငြိမ်မှုကို ခံစားလျက်ရှိပြီး ယီကွမ်းကမူ မပြီးပြတ်သေးသောစာအုပ်တစ်အုပ်ကိုဖတ်ရှုလျက်ရှိသည်။ ဤသုိ့နှစ်ဦးသားသက်တောင့်သက်သာဖြစ်လှစွာဖြင့်တိတ်ဆိတ်နေခဲ့ကြသည်က မြို့တော်စျေးအတွင်းသို့ရောက်ရှိသည်အထိပင်.....။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now