အခန်း(၂)

9.9K 1.4K 51
                                    

(Unicode)
Scroll down for Zawgyi

"ရှောင်လွှဲ၍ မရနိုင်သည်လော  "

"အရှင့်သား~ ဘာတွေများ စဥ်းစားနေတာလဲ?"

"......."

ယီကွမ်းသည်
ချီစစ်နန်းဆောင်၊ ဥယျာဥ်တော်တွင်း
စစ်ဗျူဟာကျမ်း ဖတ်ရှုနေစဥ်၌ 
ရုတ်တရက် ယီတိုင်းပြည်နှင့် လီတိုင်းပြည်၏ တိုက်ပွဲကို ပြန်လည်အမှတ်ရမိ၍ အတွေးထဲနစ်မြုပ်နေသည်မို့  နံဘေးမှ ချိုသာသည့် အသံအား ကြားရမှသာ အသိပြန်ဝင်လာတော့သည်။  ယီကွမ်း၏နံဘေး၌မူ ယီစူးက စာအုပ်တစ်အုပ်ကိုင်ဆောင်ရင်း
အပြုံးတစ်ပွင့်နှင့်အတူ ရှိနေခဲ့ပါ၏။

"တိုက်ပွဲတွေဖြစ်လာခဲ့ရင်..... ယီတိုင်းပြည်က အလေးသာပါ့မလား စဥ်းစားနေတာ.."

ယီကွမ်း၏ တွေးဆဆစကားအား ယီစူးက တစ်ချက်မျှအသာရယ်ကာ ယီကွမ်းဖတ်ရှုနေသည့် စစ်ဗျူဟာကျမ်းအား ဆွဲယူကြည့်ရှုကာ ခပ်တိုးတိုးစကားဆိုလာ၏။

"အင်း... အရှင့်သား ယီတိုင်းပြည်ကို ရန်သူတွေ လာတိုက်ခိုက်မှာမျိုးကိုစိုးရိမ်တယ်ဆိုရင်တော့ အရှင့်သား ပိုပြီးကြိုးစားသင့်တယ်။"

"မင်းဘာကို ပြောချင်တာလဲ"

"ယီတိုင်းပြည်က တောတောင်ပေါများပြီး အများစုက တောင်တွေက ဝန်းရံထားတယ်။ ယီတိုင်းပြည်ရဲ့ ခံတပ်တွေက အဲ့ဒီတောင်တွေပဲလေ
လူယုံသာမပါခဲ့ရင် ဘယ်တိုင်းပြည်က သူရဲကောင်းပဲလာလာ ယီတိုင်းပြည်ရဲ့ မြေပုံက သူတို့အတွက်တော့  ဝင်္ကပါပဲ။ "

ယီစူး၏ထောက်ပြမှု၌
ယီကွမ်းသည်မျက်နှာ ဖြတ်ရိုက်ခံရသလို ခံစားလိုက်ရသည်။
ယီစူးပြောသည်က
မှန်၏။
အတိတ်ဘဝက သူသာ ယီတိုင်းပြည်၏ ပထဝီမြေပြင်သဘောတရားကို မရှင်းပြခဲ့လျင် လီတိုင်းပြည်က ယီတိုင်းပြည်အား လွယ်လွယ်နှင့် ဝင်စီးနိုင်မည်မဟုတ်သလို လွယ်လွယ်နှင့် တိုက်ခိုက်နိုင်မည်လည်းမဟုတ်ချေ။ 
အဓိကတရားခံသည်ကား သူသာလျင်....။
ထိုအကြောင်းကိုတွေးမိတိုင်း မိမိကိုယ်ကို နှစ်ခါပြန်သတ်သေပစ်ချင်မိရသည်။
ယီကွမ်းသည် သက်ပြင်းများကြားမှ ခပ်တိုးတိုးရေရွတ်မိလိုက်၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now