အခန်း-(၄၁)

2.7K 328 4
                                    


(Unicode)

ယုန်ကိုဆင်သောကျော့ကွင်း၌ကျားကိုမိခြင်း(၂)

ယီကွမ်းသည် ရှဲ့မျိုးနွယ်အိမ်တော်မှအကျဥ်းထောင်တွင်းသို့ကြမ်းတမ်းစွာ
ပစ်ထည့်ခံလိုက်ရသည်အထိ မည်သည့်စကားမှမဆိုလာခဲ့ချေ။ သူက တင်းကျပ်သောကြိုးတုပ်ရာများကြောင့် တွန့်ကြေနေသည့်ဝတ်ရုံကိုလက်ဖြင့်အသာဖြောင့်ဖြူးအောင်ပြုရင်း အကျဥ်းထောင်တွင်းမှ ကောက်ရိုးခင်းထက်သဘာဝကျစွာထိုင်နေခဲ့သည်။

သူ၏အသွင်အပြင်သည်ကားအကျဥ်းထောင်သို့ရောက်နေခြင်းထပ်၊အပျော်ခရီးတစ်ခုထွက်လာသည့်အလား အေးအေးလူလူသာရှိနေခဲ့၏။
ယီကွမ်းသည် ရှဲ့မျိုးနွယ်၏သူ့အပေါ်ဆက်ဆံပုံကိုတွေးမိလျင်
အေးစက်စွာသာပြုံးမိရ၏။
ပုံမှန်ဆိုလျင် မင်းမျိုးမင်းနွယ်တစ်ယောက်ကိုဖမ်းချုပ်စစ်ဆေးရာ၌ ပြစ်မှုမသေချာသေးပဲ အကျဥ်းထောင်တွင်းသို့ချုပ်နှောင်စစ်ဆေးခြင်းမျိုးမပြုကြပေ။ ယီကွမ်းကဲ့သို့ တိုင်းတစ်ပါးမှမင်းမျိုးနွယ်ဆိုလျင်ပို၍ပင်သတိထားဆက်ဆံရမည်သာဖြစ်၏။ သို့ပေသိ ဧကရီလျန်နှင့်သူမ၏နောက်လိုက်များက ယီကွမ်းကိုအလွန်အမင်းအမှုန့်ကြိတ်ပစ်ချင်နေဟန်ရှိကာ စောင့်ထိန်းရမည့်ကျင့်ဝတ်၊စည်းကမ်းများကိုလည်းမေ့လျော့သွားဟန်ရှိသည်။ ယီကွမ်းမှာထိုသူတို့၏သူ့အပေါ်ထားရှိသောအမုန်းတရားကိုအထူးတလည်တွေးတောမနေခဲ့ပေ။ သူက ဧကရီလျန်ရောက်ရှိလာမည့်အချိန်ကိုသာ အေးအေးဆေးဆေး
စောင့်မျှော်ရင်း အကျဥ်းထောင်၏ကောက်ရိုးခင်းထက် သက်တောင့်သက်သာဖြစ်စွာထိုင်နေခဲ့ပါ၏။

သူ့အနေနှင့် ကိုယ်တိုင်ကျော့ကွင်းသို့သက်ဆင်းချင်နေသော သားကောင်အား အမြန်ရောက်ရှိလာရန်လော၍မဖြစ်သည်လေ။

************************

ဤရက်ပိုင်းအတွင်း၌
လီဝူရှင်းသည် သူ၏အရှက်ရဖွယ်အပြုအမူကြောင့် ယီရုံရွှယ်..(ယီကွမ်း)ကိုသိသိသာသာရှောင်ရှားနေခဲ့သည်။ သူအရှက်ရသည်ထပ် ယီရုံရွှယ်သူ့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ဖြစ်၏။ ထို့အပြင်သူ့ထံ၌အခြားသောအကြောင်းပြချက်များလည်းရှိသေးသည်။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now