အခန်း(၉)

Start from the beginning
                                    

'သူ့ဘဝက အစေခံမျိုးက မွေးလာချိန်တည်းကဆုံးဖြတ်ပြီးသားပဲ။
အခု ယောကျာ်းသားတစ်ယောက်ကိုပါ
အိမ်မတံခါးကနေ ခေါ်သွင်းရဦးမယ်တဲ့လား။'

လီဝူရှင်း တွေးတောရင်းမှ အလွန်အမင်း
သောက်သုံးမှု ပမာဏများလာသော
သေရည်ကြောင့် စားပွဲပေါ်၌ပင် အိပ်ပျော်သွားခဲ့သည်။

ထိုအချိန်၌ သူအလွန်ထူးဆန်းလှသော အိပ်မက်တစ်ခုမက်ခဲ့ပါ၏။

ပတ်ဝန်းကျင်တစ်ခွင်က အမှောင်ထုကသာ ကြီးစိုးနေခဲ့ပြီး
သူအဘယ်သို့ လျှောက်လှမ်းနေမိသနည်းဆိုခြင်းအား သူလည်းမသိပေ။
အချိန်အတော်ကြာအောင်
လျှောက်လှမ်းပြီးသည့်နောက်
သူ၏ခြေလှမ်းများက အလွန်စုတ်ချာလွန်းလှသော အဆောင်ငယ်ရှေ့၌ ရပ်တန့်သွားခဲ့သည်။

"ချိုးယင်"
ဤသည်က နန်းတော်အတွင်းမှ မပြင်ဆင်ပဲ အလွတ်ထားသော အဆောင်ငယ်တစ်ခုဖြစ်ပြီး
သူနှင့်အားကျယ်၏ မွေးမိခင်နေထိုင်ခဲ့သော အဆောင်လည်းဖြစ်၏။
"ချိုးယင်"မည်သည့်
အဆောင်ငယ်၏နာမည်က သူ၏နှလုံးသားအား တမျိုးတဖုံ
လှုပ်နှိုးလိုက်သကဲ့သို့ပင်....။
သူ ပွင့်ဟနေသောတံခါးမှ
ဝင်ရန်ပြင်လိုက်သည့်ခဏ သမားတော်များက အပြေးအလွှား ထိုအဆောင်ငယ်များအတွင်း ဝင်သွားကြပြီး အစောင့်များကလည်း တင်းကြပ်စွာ စောင့်ကြပ်နေကြသည်။ သို့သော် များပြားလှသော အစောင့်များက သူ့ကိုမြင်ဟန်မတူချေ။

လီဝူရှင်းမှာ ထူးဆန်းမှုကို ခံစားလိုက်ရပြီး သူချိုးယင်အဆောင်သို့ တန်းမတ်စွာဝင်သွားလိုက်သည်။
အဆောင်တွင်း၌
မေပယ်လ်ပင်များကထူထပ်စွာ ရှိနေပြီး
စွေးစွေးနီသော
မေပလ်ရွက်နီများက
ပတ်ဝန်းကျင်တခွင်
ဝဲလွင့်လျက်ရှိ၏။

"သူ့ကိုကယ်! "

"အရှင်မင်းကြီး! ယီ... ယီကွေ့ရန်က..ဆုံးပါးသွားပါပြီ။ "

လီဝူရှင်း၏မျက်စိရှေ့၌မူ
ကျောပေးထားခဲ့သော နဂါးဝတ်ရုံရှင်ရှိနေခဲ့ကာ အနှီနဂါးဝတ်ရုံရှင်၏နံဘေး၌
အနီရောင်ဝတ်ရုံဝတ်ဆင်ထားသူတစ်ဦး လဲလျောင်းလျက်ရှိနေခဲ့ကာ ဝတ်ရုံ၏
ချည်ထိုးထားသောအပြင်အဆင်အရ မဂ်လာဝတ်ရုံမှန်း
အတပ်ပြောနိုင်ပေ၏။
ထိုသူ၏အနီးတဝိုက်၌ကား နီစွေးလှသော
သွေးအိုင်က စီးဆင်း၍နေသည်။
ထိုနဂါးဝတ်ရုံရှင်သည်ကား သမားတော်၏ တုန်ယင်စွာဆိုသော စကားတစ်ခွန်း၌
မည်သည်မှမဆိုတော့ချေ။
တိတ်ဆိတ်စွာနှင့်ပင် ထိုမဂ်လာဝတ်ရုံရှင်အား ပွေ့ချီလျက် အဆောင်အတွင်းဘက်သို့ ဖြည်းညင်းစွာ
ဝင်သွားတော့သည်။
မေပယ်လ်များသည်ကား သွေးအိုင်တွင်းသို့ မြောလွင့်လာလျက်ပင်...။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now