အခန်း (၇)

Start from the beginning
                                    

ဆရာတပည့်နှစ်ဦး စကားမဆို တိတ်ဆိတ်စွာနှင့် မြို့ဦးတံခါးမှကျော်ဖြတ်လာကြရင်း လမ်း၌မြင်းနှစ်ကောင်နှင့်အတူ အသင့်စောင့်ကြိုနေသော လောင်စန်းကို တွေ့လိုက်ရပြီး လောင်စန်းက ယီကွမ်းကိုအမြင် အရိုအသေပြုလာ၏။ ယီကွမ်းက ခေါင်းတစ်ချက် အသာငြိမ့်ပြလျက် မြင်းဖြူကြီး၏ ဇက်ကြိုးကိုဆွဲကိုင်လိုက်ရင်း နံဘေးမှ သူ့ဆရာထံ နှုတ်ဆက်သမှု ပြုပေသည်။

"ရှစ်ဖူ.. အခုတော့ တပည့် ဒီနေရာကနေပဲ နှုတ်ဆက်ပါတယ်။ ရှစ်ဖူလမ်းကြုံခဲ့ရင် တပည့်နေတဲ့နေရာမှာ သေရည်တစ်ခွက်ဝင်သောက်ပါဦးလို့ တောင်းဆိုပါတယ်။"

"အင်း.. လမ်းကြုံခဲ့ရင်ပေါ့ အခုတော့ ငါလည်းလုပ်စရာရှိသေးတယ်။ "

ယဲ့လီချန်းချိုးက စကားဆိုရင်း သူ၏စူးရှသောမျက်ဝန်းအကြည့်က အဝေးတစ်နေရာမှ ဖြတ်ခနဲမြင်လိုက်ရသော
အနီရောင်ဝတ်ရုံစထံသို့ ကျရောက်သွားရကာ သူ၏အကြည့်များက ပို၍နက်နဲလာရသည်။ ယီကွမ်းကမူ ထိုတည်ရှိမှုကို မမြင်နိုင်လိုက်ပေ။ အပြုံးနှင့်သာ နှုတ်ဆက်ရင်း မြင်းပေါ်တက်ကာ ထွက်ခွာသွားသည့်နောက် ယဲ့လီချန်းချိုးသည်လည်း သူ၏လက်နက်ကို အသင့်ပြင်လျက် ထိုမသကာ်စရာကောင်းသော နေရာသို့ ထွက်ခွာသွားတော့သည်။ ဆရာတပည့်နှစ်ဦး၏ လမ်းခွဲသည်ကား
လေးလံမှုမရှိပဲ အဆုံးသတ်သွားသော်ငြား
ယဲ့လီချန်းချိုး၏ ပြဿနာသည်ကား ယခုမှစတင်လာခဲ့ဟန်ရှိပေ၏။

'သေချာသလောက်ကတော့
အဲ့ကောင် ဝူရိလျန့်ပဲ။ ငါတို့နောက်ကို ဘာလို့နောက်ယောင်ခံလိုက်နေရတာလဲ'

***************
*********

လီတိုင်းပြည်နန်းတော်၌...

လီတိုင်းပြည်ဧကရာဇ် လီကျန့်သည်ကား စိတ်ရှုပ်ထွေးစရာအခြေအနေတစ်ခုနှင့် ကြုံတွေ့နေရ၏။ သူ၏လက်တွင်း၌မူ ထိမ်းမြားမှုကမ်းလှမ်းသော ကျောက်စိမ်းဖြူနှင့်အတူ စာလွှာတစ်စောင်ကရှိနေပြီး ထိုအရာများကို မီးရှို့ပစ်ချင်လှသော်လည်း မတတ်နိုင်ချေ။ သူသည်ထိုစာကြောင့်ပင် မိဖုရားခေါင်၏ ဖိအားပေးမှုကို ခံနေရပြီး ထိုအဖြစ်ကို မည်သို့ဖြေရှင်းရမည်မှန်း မသိသေးချေ။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now