အခန်း (၇)

Start from the beginning
                                    

"ရှစ်ဖူ.."

"မင်းအများကြီးတိုးတက်လာတာပဲ အခုအကွက်နှစ်ဆယ်ထိ ခုခံနိုင်ပြီ မဆိုးပါဘူး။ "

" ရှစ်ဖူနဲ့ယှဥ်ရင် ကျွန်တော်က ညံ့နေပါသေးတယ်။ "

"ထားပါတော့။ မင်းမြို့တော်ကို လာချင်ရတဲ့ အကြောင်းအရင်းက မင်းမိသားစုကို တွေ့ဖို့အပြင် အခြားအကြောင်းရှိသေးသလိုပဲ။ "

"ရှစ်ဖူ*က ထက်မြက်ပါတယ်။ ကျွန်တော့်ခမည်းတော်က ဆင့်ခေါ်တာအပြင်... ကျွန်တော့်ရဲ့အခြားကိစ္စတစ်ခုလည်းရှိပါသေးတယ်။ "

"ထျန်းတိ*အဖွဲ့အစည်းလား?"

"ရှစ်ဖူကမေးလာတော့ ဒီတပည့်က... ဖြေရခက်ပါတယ်။ "

"ငါလည်းသိပ်မသိချင်ပါဘူး မင်းတို့နန်းတွင်းအရေး အရှုပ်တွေကို မသိတာကမှ ကောင်းဦးမယ်။ "

ပျင်းရိသည့်အသွင်ဖြင့်ဆိုလာသော
ယဲ့လီချန်းချိုး၏စကားကြောင့် ယီကွမ်းမှမည်သည့်စကားမှမဆိုပဲ အသာပြုံးလျက်သာ နှုတ်ဆိတ်၍နေ၏။ သုံးနှစ်....
ထိုကာလအတွင်း၌ ယီကွမ်းမည်သည့် ဆယ်ကျော်သက်လေးမှာ များစွာပြောင်းလဲလာခဲ့သည်။
ဆရာဖြစ်သူသွားရာနောက် တကောက်ကောက်လိုက်ကာ ပညာသင်ရင်း သူ၏
အရာအားလုံးသည်လည်း တဖြည်းဖြည်းအသွင်ပြောင်းလာခဲ့ပေ၏။
စိတ်ဓာတ်ကြံ့ခိုင်မှု၊ အမူအရာအသွင်အပြင် အရာအားလုံးက အခြားတစ်ယောက်အလား....။
ထို့အပြင် ယဲ့လီချန်းချိုးမည်သော သိုင်းလောကထိပ်သီး၏ သင်ကြားပေးမှုကြောင့် ယီကွမ်း၏သိုင်းပညာအရည်အချင်းမှာ
အမြင့်ဆုံးမဟုတ်လျင်သော်မှ သာမာန်လူတို့ မယှဥ်နိုင်သော အနေအထားကို
ရောက်ရှိလာခဲ့၏။
နန်းပြင်မှာနေသည့်ကာလတစ်လျှောက် ယီကွမ်းသည် ယခင်ဘဝမှ မလုပ်တတ်မကိုင်တတ် မင်းသားငယ်တစ်ဦးအဖြစ်မှသည် အကိုငါး၏ ဦးဆောင်လမ်းပြမှုဖြင့်
လျို့ဝှက်အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။
သူ၏အပြစ်ကင်းသောရုပ်ရည်၊ အေးချမ်းဖြူစင်သော အပြုံးအောက်၌ ရက်စက်စွာ အညှာတာကင်းမဲ့သော ထျန်းတိအဖွဲ့အစည်းခေါင်းဆောင်ပုံရိပ်က တည်ရှိနေပြီး မည်သည့်အရာက သူ့အား ထိုသို့ပြောင်းလဲသွားစေရသနည်းဟူလျင် အဖြေမရှိပြီ။
အသေချာဆုံးအဖြေသည်ကား လူတို့၏ရက်စက်မှု၊သစ္စာဖောက်မှုကို မခံလိုလျင် မိမိကိုယ်တိုင်က ရက်စက်တတ်ရမည်ဆိုသော စကားတစ်ခုအား နန်းပြင်၌ကျင်လည်လာသော သုံးနှစ်၌ ကောင်းစွာနားလည်လာခဲ့သည်ထင်၏။
ယီကွမ်း၏ဆရာ ယဲ့လီချန်းချိုးက
သူ၏ထိုစရိုက်ကို မနှစ်မြို့သော်ငြား မည်သို့မျှတော့မဆိုချေ။ အဘယ်ကြောင့်ဆိုသော် ယဲ့လိချန်းချိုးက တပည့်ပင်ဆိုစေ သူတစ်ပါး၏ကိစ္စ၌
မည်သို့မျှ ဝင်ရောက်စွက်ဖက်တတ်ခြင်းမရှိသောကြောင့်ပင်....။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now