Chapter(19)

5.4K 682 7
                                    

Unicode

"ဘာတွေ တွေးနေတာလဲ??"

Evanတစ်ယောက် သူ့ရဲ့နားရွက်နားက ဖြတ်သွားတဲ့ လေပူလေးကြောင့် ရှိန်းခနဲဖြစ်သွားကာ နောက်လှည့်ကြည့်လိုက်မိသည်။

"OMG!!!"

နီးကပ်နေတဲ့ မျက်နှာနှစ်ခုကြောင့် လန့်ဖြန့်ကာ အော်ပြီး အနောက်ဆုတ်လိုက်မိတော့  သူရှေ့က ဆံဖြူကောင်လေးရဲ့  မျက်နှာက ပြုံးစိစိဖြစ်နေလေသည်။

"လန့်သွားတာလား???? ဆောရီးကွာ.. ကိုယ်က မင်းစိတ်နဲ့လူမကပ်တဲ့ပုံ ေပါ်နေလို့ နောက်လိုက်တာ"
ပြောပြီး Lucienက သွားစွယ်လေးတွေ ေပါ်အောင် ရယ်နေလေသည်။

Evan သူ့ရှေ့က ဆံဖြူကောင်လေးရယ်နေတာကို ငေးကြည့်နေမိသည်။ ခန်ညားလိုက်တာ......ဘယ်လိုတောင် ကောင်းခဲ့တဲ့ ဆုတောင်းများလဲမသိ.....

"အစ်ကိုက ရုတ်တရက်ကြီး နောက်က ေပါ်လာတော့ ကျွန်တော်လန့်သွားတာေပါ့"

နှုတ်ခမ်းတထော်ထော်နဲ့ ပြောနေတဲ့ သူ့ရဲ့အကောင် ေပါက်လေးကို Lucienကြည့်ရင်း အသည်းတွေယားလာသည်။ ယောကျ်ားလေးတစ်ယောက်က အဲ့လောက်ကြီး ချစ်ဖို့ကောင်းစရာလိုရဲ့လား သူမသိပါ......

"အင်း ဆောရီးနော် Van"

"Van???? Vanတဲ့လား??? ကျွန်တော့်ကို ေခါ်တာလား???"

Lucienလည်း သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ နှုတ်ကထွက်သွားသည့် နာမည်လေးကြောင့် ရှက်ရှက်နဲ့သာ ေခါင်းငြိမ့်ပြလိုက်ရလေသည်။

"အင်း..... အဲ့လို ေခါ်လို့ရတယ်မလား?? မင်းနာမည်က ရှည်လို့လေ"

မဆီလျော်တဲ့ အကြောင်းပြချက်ကို ပေးမိတဲ့ ကိုယ့်ကိုကိုယ်လည်း သိပါသည်။ သို့သော်လည်း မတတ်နိုင်ပါ။ သူမတူအောင် ေခါ်ချင်မိတဲ့ အတ္တစိတ်ကလေးက Lucienကိုယ်ထဲမှာ ရှိနေသည်မဟုတ်ပါလား......

"ရပါတယ်... အစ်ကိုကြိုက်သလိုသာေခါ်"

Evanကိုယ်တိုင်က ကြည်ဖြူနေတော့လည်း ရှေ့လျှောက် သူ့ရဲ့ အကောင် ေပါက်လေးကို Vanလို့သာ ေခါ်မယ်လို့ တွေးရင်း Lucienတစ်ယောက် ဝမ်းသာပီတိ ဂွမ်းဆီထိနေမိသည်။

Cinderella & Me (BL fiction) complete Unde poveștirile trăiesc. Descoperă acum