Extra-2

2.5K 289 1
                                    

Unicode Version



"ဘယ်သွားမလို့လဲ ဦးလေးSam"

ရှိုးစမိုးအပြည့်နှင့်  ဦးလေးSamဟာ အတော့်ကို တက်ကြွလွန်းနေ၏။

ကြည့်ပါဦး။ ဝတ်စုံက  အနီရဲရဲ၊ နှုတ်ခမ်းဆိုးဆေးကလည်း ဆိုးထားသေး၊ ဆံပင်တွေကိုလည်း သေချာ ထုံးပြီး ဖဲကြိုးနှင့် စီးထားသည်။ သည်နေ့ကျမှ  အတော့်ကို သပ်သပ်ရပ်ရပ်နှင့်ပါလား....

မဟုတ်မှလွဲရော ဦးလေးSamတစ်ယောက် ရည်းစားတွေ ဘာတွေများ....


"ခွေးကောင်လေး မင်း ဘာတွေ တွေးနေလဲ ငါသိတယ်နော်။ ပေါက်ကရတွေ တွေးမနေနဲ့။ ငါ မင်းလောက် မရွဘူး"


ဦးလေးSamရဲ့ စကားတို့ကြောင့် Collin နင်သွားသည်။ 


"ကျွန်တော်က ဘာတွေများ ရွနေလို့လဲ ဦးလေးရဲ့"

"မင်း ရွတာ မင်း မသိဘူးလား။ ဘယ်လောက်တောင် ရွလဲဆို ငယ်ငယ်လေးနဲ့ လင်တစ်ယောက် ရသွားပြီလေ"


"ဟာဗျာ။ အဲ့ဒါနဲ့ ရွတာ ဘာဆိုင်လို့လဲ။ ဒုက္ခပါပဲ"


"ဒုက္ခပါပဲမနေနဲ့။  အစက တစ်ယောက်တည်း သွားမလို့။ အခုတော့ မင်းပါ လိုက်ခဲ့တော့"

အပြောနှင့်အလုပ်က ထပ်တူကျစွာ သူ့လက်ကို ဆွဲပြီး  မြင်းလှည်းသို့  ဦးတည်နေသော ဦးလေးSam....

"နေ နေပါဦး ဦးလေးSamရဲ့။ ဘယ်ကို သွားမှာလဲ"

"အမွေ သွားခွဲမလို့"

ပြောပြီး ဦးလေးSamက  သူ့အား မြင်းလှည်းပေါ်သို့ တွန်းတင်နေပြန်၏။


"အမွေ?   ဘာအမွေကို သွားခွဲမှာလဲ ဦးလေးSam.  ရှင်းအောင်လေးလည်း ပြောပါဦး  အားးးး  ခါးကို အတင်း မတွန်းနဲ့။ ဖယ် ဖယ် ကိုယ့်ဘာသာ တက်မယ်"

"အေးပါ တက် တက်။ နုလိုက်တာ မင်းကလည်း"


ဘုမသိ ဘမသိနှင့်  ဝေဖန်နေသော ဦးလေးSamကို Collin ဘာမျှ မပြောလိုတော့။ သူ မနေ့ညက  ပင်ပန်းထားတာ ဦးလေးSamမှ မသိတာ။


"ကျွန်တော့်ကို သေချာ ပြောပြဦးလို့။ ဘယ်က အမွေကို သွားခွဲမှာလဲ"


Cinderella & Me (BL fiction) complete Where stories live. Discover now