Extra-10

3.6K 353 42
                                    

Unicode Version

"အဲ့ဒီဆေးကြီးက ခါးတယ် အရှင်ရဲ့။ ကျွန်တော် မသောက်ချင်ဘူး"

ဆေးလေးတစ်ခွက် သောက်ဖို့အရေး ဂျစ်တိုက်နေသော Sam ပုံစံဟာ ကလေးလေး တစ်ယောက်အလား....

"မခါးပါဘူး Samရယ်.... သောက်လိုက်ပါ။ ဒါမှ ကလေးက ကျန်းမာ သန်စွမ်းမှာပေါ့"

"အရှင်က  ကလေးအတွက်ပဲ ကြည့်တယ်။ ကျွန်တော့်အတွက်ဆို  ဘယ်တော့မှကို မကြည့်ဘူး။ မခါးရင် အရှင်ပဲ သောက် ရော့"

ဆေးခွက်ကြီးကို  သူ့ထံ ကမ်းပေးကာ မကျေမချမ်း ပြောနေသော Samဟာ တကယ်ကို  ဂျစ်တူးလေးရယ်ပါ။ 

သည်တလော ကိုယ်ဝန်လွယ်ထားရသော အရှိန်ကြောင့်ရယ်လားမသိ... Samဟာ ဘုရင်ကြီး Martinအပေါ်  တစ်မျိုးမဟုတ် တစ်မျိုး ရစ်၏။ ရံဖန်ရံခါဆို ပြဿနာပင် ရှာတတ်သေးသည်။

"ကိုယ်သာ သောက်လို့ရရင် သောက်တာပေါ့ Samရယ်....  ကိုယ် သောက်ရင် ကိုယ့်ဗိုက်ထဲပဲ ဝင်မှာလေ။ မောင်မင်းသောက်မှ မောင်မင်း ဗိုက်ထဲ ဝင်..  အဟမ်း  ရတယ် ရတယ် ကိုယ်တော်ပဲ သောက်လိုက်တော့မယ်"

အပြောနှင့် အလုပ် ထပ်တူကျစွာ ဆေးခွက်ကို နှုတ်ခမ်းဝ တေ့ရင်း သောက်နေသော အရှင့်ကို Sam နားမလည်နိုင်စွာ ကြည့်နေမိသည်။

သူပဲအမျိုးမျိုး....  ခုနကကျ  ဗိုက်ထဲ မဝင်မှာစိုးလို့ ဘာလို့နဲ့။ ခုကျတော့လည်း ကောက်မော့နေပြန်ရော။ ကောင်းတယ် သောက် သောက်။ ငါ မသောက်ရရင် ပြီးရော.....

အတွေးတို့နှင့် ကျေနပ်နေသော Sam တစ်ယောက်  သူ့နှုတ်ခမ်းပေါ်သို့ လာရောက် ဖိကပ်သော အရှင့်၏ နှုတ်ခမ်း နွေးနွေးတို့ကြောင့် မျက်ဝန်းများ ပြူးကျယ်သွား၏။

အရှင့်ရဲ့ အနမ်းတို့ကို ချိုမြိန်မည် ထင်ခဲ့သော်လည်း  ခံတွင်းထဲသို့  အလုံးအရင်း ဝင်ရောက်လာသော ဆေးခါးရည်များကြောင့်  အသက်ပင် မရှင်ချင်တော့။  သူ မြိုမချမချင်းကို  ဖိကပ်ထားသော နှုတ်ခမ်းတို့ကို ဖယ်ခွာမပေးသော အရှင်ဟာ အတော့်ကို  အကျင့်ပုပ်လွန်းပါသည်။

"အရှင်   မကောင်းဘူး"

ရှုံ့မဲ့မဲ့ မျက်နှာလေးနှင့် Samကို ကြည့်ရင်း အရှင်ကတော့ သဘောတကျ ရယ်နေလေရဲ့။

Cinderella & Me (BL fiction) complete Where stories live. Discover now