Chapter(37)

3K 469 23
                                    

Unicode
~~~~~~~

"Collin  ကြက်ဥကို ဘာလို့အကာမစားတာလဲ?"


မနက်စာပန်းကန်ထဲရှိ မစားဘဲ  ဘေးသို့ ဖယ်ထားသော ကြက်ဥအကာများကိုကြည့်ရင်း Issacပြောလိုက်မိသည်။ 

"ဟို..  ကျွန်တော်မကြိုက်လို့။ ကျွန်တော်က အနှစ်ပဲကြိုက်တာ"


"မကြိုက်လည်းစား!  ဒီနေ့ကစပြီး  အနှစ်လျှော့စား။  အကာများများစား"


ကြက်ဥတွင် VitaminCမှ လွဲ၍ ကျန်သည့်Vitaminဓာတ်များ   အားလုံးပါဝင်သည်ကို ကျေးဇူးရှင်လေးက  အနှစ်သာစားပြီး အကာများကို  မတို့မထိလုပ်နေသည်။ 

အနှစ်များများစားလျှင် ကိုလက်စရောဓာတ်များကာ ကျန်းမာရေးထိခိုက်မည်ကို  သကောင့်သားလေးက မသိတာလား?  သိသိရက်နှင့်ပင်  စားနေတာလား?  မည်သို့ပင်ဖြစ်စေ  သင်းရောက်နေသည်မှာ Benရဲ့ ကိုယ်ထဲဖြစ်သည်။  အနေအထိုင်မတတ်လျှင် ထိခိုက်မည့်သူမှာ Benသာဖြစ်သည်။



"ကျွန်တော့်မှာ ကိုယ်ကြိုက်တာတောင် စားပိုင်ခွင့်မရှိတော့ဘူးလား?   လွန်လိုက်တာ...  မနက်စာအတွက် ကျေးဇူးပါ"

ပြောပြီး  ဆက်မစားတော့ဘဲ Collinထထွက်လာလိုက်သည်။ 


သူလည်း လူပါ...။  Evanတစ်ယောက်တည်းပဲ  မြင်နေကြတာလား?? စားတာ သောက်တာတောင် ဟိုဟာ မစားနဲ့၊ ဒီဟာစားနှင့် အတော့်ကို ထိန်းချုပ်နေသည်။ စိတ် ေပါက် ေပါက်နှင့် မြေပဲတွေ ထိုင်စားလိုက်ရဟုတွေးကာ အခန်းထဲသို့ ဝင်လာလိုက်သည်။


ဘောက်ဆတ်ဘောက်ဆတ်နှင့်   ထထွက်သွားသော ကောင်လေးသည်  သူ့ကို စိတ်ကောက်သွားပြီ ထင်ပါရဲ့...။ သို့သော်လည်း မတတ်နိုင်။ Benရဲ့ ခန္ဓာကိုယ်ကို  စောင့်ရှောက်ပေးရမှာ  Issac၏ သမိုင်းပေးတာဝန်ပင်ဖြစ်သည်။

~

~

"ကျွန်တော်  အနီရောင်မကြိုက်ဘူးAdam"

ရေချိုးအပြီး  သူဝတ်ရန်လာပေးသော ဝတ်စုံကိုကြည့်ရင်း Collin အလိုမကျဟန်ဖြင့် ပြောလိုက်မိသည်။  

သူ့ဘဝတွင်  အနီရောင်သည်  အမုန်းဆုံး အရောင်ဟုပင် သတ်မှတ်လို့ရသည်။  ရွေးချယ်စရာ အရောင်အများကြီး ရှိပါရက်နှင့်   အမုန်းဆုံးအရောင်ကိုမှ တမင်ရွေးပြီး ဝတ်ခိုင်းနေသည်လားဟုပင်  ခပ်ချဥ်ချဥ်တွေးနေမိသည်။

Cinderella & Me (BL fiction) complete Where stories live. Discover now