Chapter(2)

10.9K 1.1K 40
                                    


မနက်ခင်းနေရောင်က Collin ရဲ့ မျက်နှာ ေပါ် ကျရောက် လာတယ်. ပူနွေးနွေးခံစားချက်ကြောင့် သူ့ရဲ့ မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်တယ် .

ဒီနေ့ဟာ သူ့အတွက် အရေးကြီးတဲ့ နေ့
သူ့ဘဝရဲ့ပထမဆုံး ခြေလှမ်းဆိုလည်း မမှားဘူး. သူ့ရဲ့ ဒီဇိုင်းလက်ရာတွေကို သဘောကျသွားတဲ့ Design company တစ်ခုက သူနဲ့ ဆွေးနွေးဖို့ဆိုပြီး လွန်ခဲ့တဲ့ ၅ရက်လောက်က သူ့ဆီဆက်သွယ်လာခဲ့တယ်. ဒီနေ့ နေ့လည် ၁၂နာရီ lunch စားရင်း ဆွေးနွေးဖို့လည်း ချိန်းဆိုထားကြပြီးသား. သူ့အတွက် အရေးကြီးတဲ့ နေ့လေးမှာ သူ လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ထားရမယ်....

ဘယ်အချိန်ရှိပြီလဲ သိချင်လို့ သူ့ရဲ့ ဘေးပတ်ပတ်လည်မှာ ဖုန်းကို လိုက်စမ်းနေလိုက်တယ်. ခုထိတော့ သူ့ရဲ့ အိပ်ချင်မူးတူး မျက်လုံးက အပြည့်မဖွင့်နိုင်သေး....
တော်တော်ကြာ စမ်းတဲ့ထိကို ဖုန်းဆိုတဲ့ အထိအတွေ့ကို သူမရတာကြောင့် ကုန်းရုန်းထလိုက်တယ်.

တစ်ညလုံး ၃၆၀ ဒီဂရီ လှည့်ပြီး အိပ်ထားတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို အားရပါးရ အပျင်းကြော ဆန့်ပြီး မျက်လုံးကို အပြည့်ဖွင့်လိုက်တော့ မရင်းနှီးတဲ့ မြင်ကွင်းကြောင့် သူခဏ ကြောင်အ သွားတယ်. သူညက အိမ်မှာပဲ အိပ်ခဲ့တာပါ. ဘာလို့ နိုးလာတော့ သူများ အခန်းထဲ ရောက်နေရတာလဲ .
ရုပ်ရှင်တွေထဲကလို ပြန်ပေးများ ဆွဲခံရတာလား.......


ဒေါကျ ဒေါကျ

" Evan ရေ နိုးပြီလား. မမဝင်လာမယ်နော်"

ရုတ်တရက်ကြားလိုက်ရတဲ့ မိန်းကလေးအသံကြောင့် Collin လန့်သွားတယ်. သူ့အမတွေရဲ့ အသံနဲ့လည်း မတူဘဲ ခုကြားလိုက်ရတဲ့ အသံလေးက ချစ်ဖို့ကောင်းလွန်းတယ်.

ဂလောက်.

တံခါးဖွင့်သံနဲ့အတူ ဝင်လာတဲ့ နတ်သမီးလေးအလား ဖြူစင်လှပလွန်းသောကောင်မလေးကြောင့် Collin သူ့ရဲ့ မျက်လုံးတွေကို လက်နဲ့ ပွတ်လိုက်မိတယ်.....

သူမရဲ့ အသားအရည်လေးက နို့နှစ်လို ဖြူစင်နေတယ်. စီးနှောင်ထားတဲ့ရွှေအိုရောင်ဆံပင်လေးတွေက သူမရဲ့ နဖူးေပါ်မှာ ဟိုတစ်စ ဒီတစ်စ ကပိုကယိုလေးကျနေတယ်. နှာတံချွန်ချွန် ပန်းနုရောင် နှုတ်ခမ်းက ဖူးဖူးလေး နဲ့ သူမက သူမရဲ့ မိုးပြာရောင် မျက်လုံးလေးတွေနဲ့ သူ့ကို စိုးရိမ်တကြီးကြည့်ပြီး သူ့ရဲ့ နဖူးကို ရုတ်တရက်လာကိုင်ဖို့ပြင်တော့ Collin အလန့်တကြားရှောင်လိုက်မိတယ်.

Cinderella & Me (BL fiction) complete Where stories live. Discover now