Chapter(51)

2.9K 384 3
                                    

Unicode
~~~~~~

"Lucien.... မနေ့ညက ပြန်မလာဘဲ ဘယ်တွေများသွားနေတာလဲ သားတော်။ ခမည်းတော် သိခွင့်ရှိမလား?"

မကောင်းတော့ချေ။ ခမည်းတော်၏ စကားအသွားအလာနှင့် လေသံကို နားထောင်ခြင်းအားဖြင့် သူဘယ်သွားခဲ့ကြောင်းကို ခမည်းတော် သိပြီးသွားပြီထင်ပါရဲ့......

"မယ်တော့်ကို သွားတွေ့ခဲ့ပါတယ် ခမည်းတော်။ Collinနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်"

မလိမ်မညာတတ်သော သားတော်သည် သည်တစ်ခါလည်း အမှန်အတိုင်းသာ လျှောက်တင်လာသဖြင့် ဘုရင်ကြီးMartinမျက်နှာထက်တွင် အပြုံးမမည်သော အပြုံးတစ်ပွင့် ဖြစ်တည်သွားလေသည်။

"Collinကို တကယ်ပဲ ကြင်ယာတော် မြှောက်ဖို့ ဆုံးဖြတ်ပြီးပြီလား။ ခမည်းတော်ဘက်က သဘောမတူဘဲ ကန့်ကွက်နေရင်တောင်လေ...."

"မှန်လှပါ ခမည်းတော်။ သားတော် ဆုံးဖြတ်ပြီးသားပါ။ နောက်ဆုတ်ဖို့ စိတ်ကူးလုံးဝကို မရှိပါဘူး။ ဒီတစ်ခါတော့ ခမည်းတော်ရဲ့ ဆန္ဒကို အတင့်ရဲစွာ ဆန့်ကျင်ပါရစေ"

သူပြတ်သားသလောက် သားတော်ဘက်ကလည်း ပြတ်သားလှသဖြင့် ဘုရင်ကြီးMartin၏ မျက်နှာမှာ ပိုမိုတည်တင်းလာလေသည်။ သူ့ဘက်ကလည်း လျှော့ပေးနိုင်မည်မဟုတ်ချေ။

"ဘာလို့ Collinလဲ သားတော်? အစက Evanမှ Evanဖြစ်နေခဲ့တာ မဟုတ်ဘူးလား?"

Evanဆိုလျှင်တောင် ဘုရင်ကြီMartinအနေနှင့် နားလည်ပေးနိုင်ပါသေးသည်။ Noahပြောသည့်အတိုင်း Evan၏ သွင်ပြင်က ဟောတမ်းတို့နှင့် ကိုက်ညီသည်။ Evanဆိုလျှင် သူ့ဘက်က အသာတကြည် လက်ခံပေးမည်ဟု ဆုံးဖြတ်ပြီးသားပါ။ ရုတ်တရက်ကြီး Collinထပ်ဖြစ်လာသည်ကိုတော့ သူလုံးဝကို နားမလည်တော့ချေ။


"မှန်လှပါ။ သားတော် မြတ်နိုးတာက Evanကိုယ်ထဲ ဝင်နေတဲ့ Collinပါ။ နတ်ဆရာမကြီးနဲ့ တွေ့ဆုံဆွေးနွေးကြည့်ရင် ခမည်းတော် ရှင်းသွားပါလိမ့်မယ်"

Lucienပြောရင်း ခမည်းတော်၏ မျက်နှာကို မသိမသာ အကဲခတ်ကြည့်လိုက်လေတော့ မျက်ခုံးတို့ တွန့်ချိုးနေသည်ကို တွေ့လိုက်ရလေသည်။

Cinderella & Me (BL fiction) complete जहाँ कहानियाँ रहती हैं। अभी खोजें