Extra-6

2.3K 271 9
                                    

Unicode Version

"Laurania(Lucienတို့ရဲ့ တိုင်းပြည်)ကိုသွား။ အဲ့ဒီက  အချိုမုန့်ကို ဝယ်ခဲ့"


သခင့်၏ တစ်ချက်လွှတ် အမိန့်တော်နှင့်အတူ Adamတစ်ယောက် အနှီတိုင်းပြည်သို့ ခြေချရပြန်ပြီ။ သည်မြေပေါ်သို့ ရောက်ပြန်တော့လည်း သခင်နှင့်အတူ ဖြတ်သန်းခဲ့ရသော အမှတ်တရများဟာ မနေ့တစ်နေ့ကလိုပါပဲလား။

သခင်က သည်တိုင်းပြည်က အချိုမှုန့်ကို အလွန် နှစ်ခြိုက်သည်။ သည်မှာ နေစဥ်ကဆို နေ့တိုင်းနီးပါးကို သခင့်အတွက်  သူ ဝယ်ပေးခဲ့ရ၏။ မုန့်အချိုများကို စားရချိန်တိုင်း ကြည်လင်နေတတ်သော သခင့်မျက်နှာလေးဟာ သူ့အတွက်တော့  ငေးမောချင်စဖွယ် အကောင်းဆုံးဆိုသည်ကို ကြင်သူနှင့် ပျော်ရွှင်နေသော သခင်ကတော့ မရိပ်မိပါလေ။

မရိပ်မိတာလည်း ခပ်ကောင်းကောင်းရယ်ပါ။  သူ့လိုလူမျိုးဟာ သခင်နှင့် ဘယ်လိုများ လိုက်ဖက်နိုင်မှာလဲ။ သခင်ဟာ သည်လောကကြီး တစ်ခုလုံးရှိ အမြင့်မားဆုံး အရာများနှင့်သာ ထိုက်တန်သည်။ သူဟာ သခင်နှင့် လုံးလုံးလျားလျားကို မထိုက်တန်။

သူ့ဘဝဟာ သခင်အတွက် ဖြစ်တည်နေရသော်ငြား  သခင်ကတော့ သူ့အတွက် ဖြစ်တည်နေခြင်းမဟုတ်။ သည်အမှန်တရားများကို သူ လက်ခံရမည်။

နှစ်ညတာ မရပ်မနား ခရီးဆက်ခဲ့ရသဖြင့် လူက ပန်းနေပါသော်လည်း အချိန်ဆွဲနေ၍ မဖြစ်။ ဝယ်ပြီးပြီးချင်း ပြန်ရမည်။ 

သခင်၏ လက်ဆက်ပွဲ၌ လိုအပ်သည်များကို သူ စီစဥ်ပေးရဦးမည်။ သခင့်အတွက် အကောင်းတကာ့ အကောင်းဆုံးများကိုသာ  သူ စီမံပေးချင်၏။

"ကောင်းကောင်း ပြောနေတုန်း လွှတ်နော်။ ပြီးမှ ကျွန်မ အဆိုး မဆိုနဲ့"

နောက်ကျောမှ ထွက်ပေါ်လာသော အနှီ မိန်းမ မကျ၊ ယောကျ်ားမကျ အသံကို Adam ရင်းနှီးနေသလိုပင်။  အတော်ကြီးကို ရင်းနှီးနေခြင်း။

ကိုယ့်ကိစ္စ မဟုတ်သော်ငြား  စပ်စပ်ဆော့ဆော့နှင့် လှည့်ကြည့်လိုက်လေတော့  မြင်လိုက်ရသော မြင်ကွင်းက  သိပ်တော့ ဘဝင်ကျချင်ဖွယ် မကောင်းနေ။

Cinderella & Me (BL fiction) complete Where stories live. Discover now