Chapter(52)

2.7K 350 2
                                    

Unicode
~~~~~~~

*Throwback
(Collinကို   Lucienရဲ့မယ်တော့်ဆီ မ ေခါ်သွားခင်   နတ်ဆရာမကြီးနဲ့ အရင် ပေးတွေ့တဲ့အကြောင်းကို  နောက်ကြောင်းပြန်ထားတာပါ)*


"မင်းသား....  အခုချိန်ကစပြီး  ကျွန်တော်မျိုးမ ပြောတာကို သေချာနားထောင်ပေးပါ။  အခု Collinဝင်နေတဲ့ ခန္ဓာက  မသေမျိုးတစ်ယောက်ရဲ့ ကိုယ်ပါ။  မသေမျိုးဖြစ်တဲ့အတွက်  ကျင့်ကြံရတာတွေ ရှိပါတယ်။ မကျင့်ကြံဘဲ  သာမန်လူလို နေမယ်ဆို တဖြည်းဖြည်း အားအင်ယုတ်လျော့ပြီး အိုမင်းလာပါလိမ့်မယ်"

နတ်ဆရာမကြီး၏  လျှောက်ထားချက်များက Lucienရဲ့  ရင်ဝကို  ဓားနှင့်  ထိုးစိုက်လိုက်သလိုပင်....။  

"ဒီလိုဆို  ဘယ်လိုလုပ်ရမလဲ နတ်ဆရာမကြီး"

Lucien မေးလိုက်သော မေးခွန်း၏ အဖြေကို  Collinလည်း သိချင်မိသည်။ သူ  မအိုမင်းချင်သေးပါ။ Lucienနှင့်အတူ  ပျောပျော်ရွှင်ရွှင် နေချင်သေးသည်။

"ကျင့်ကြံရပါမယ်။  ခန္ဓာပိုင်ရှင် ကျင့်ကြံခဲ့တဲ့အတိုင်း  ဆက်ပြီး ကျင့်ကြံရပါမယ်"

"ဒါပေမယ့် ကျွန်တော်က ဘယ်လိုတွေ ကျင့်ကြံရမယ်မှန်းမှ  မသိတာ"

မနေနိုင်စွာ Collin ဖြတ်ပြောလိုက်မိ၏။

"ဆန္ဒမစောပါနဲ့။  ကျွန်တော်မျိုးမ ပြောတာကို ဆုံးတဲ့ထိ နားထောင်ပေးပါ"


"ကောင်းပါပြီ။ ဆက်ပြောပါ နတ်ဆရာမကြီး"

ပြောရင်း အကောင် ေပါက်လေး၏ လက်ကို Lucienဆုပ်ကိုင်လိုက်၏။ 

"မှန်လှပါ။   Collinဝင်နေတဲ့ ခန္ဓာပိုင်ရှင်က  ကျွန်တော်မျိုးမတ်ို့ရဲ့  မျိုးနွယ်ဝင်ဖြစ်ကြောင်းကို  လည်ပင်းက မျိုးနွယ်စု အမှတ်အသားကို မြင်လိုက်ရကတည်းက  သိနေခဲ့ပါတယ်။ကျင့်ကြံစဥ်တွေလည်း အတူတူပါပဲ။ လပြည့်ညတိုင်း ကျွန်တော်မျိုးမတို့ဆီလာပြီး  အတူကျင့်ကြံရင် ရပါပြီ"

ခုမှသာ  Lucienရော  Collinပါ  အသက်ဝဝ ရှူနိုင်တော့သည်။  

"ကောင်းပါပြီ။ နတ်ဆရာမကြီး ပြောတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာပါ့မယ်။ ကိုယ်တော် သိချင်တာ တစ်ခုရှိသေးတယ်"

Cinderella & Me (BL fiction) complete Where stories live. Discover now