Chapter(38)

3.1K 442 5
                                    

Unicode
~~~~~~~

"ဒါဆိုCollinက  မနက်ဖြန်ဆို အသက်(၂၀)ပြည့်တော့မှာ ေပါ့"

ဖိုးဖိုး၏အသံကြောင့်  Issacဆက်မဝင်သွားတော့ဘဲ  အခန်းရှေ့တွင်ပင် ရပ်နေမိသည်။

"ဟုတ်တယ်အဖိုးရ"

"ဒါဆို  ဖိုးဖိုးက လက်ဆောင်ပေးရမှာ ေပါ့"

ရုပ်တည်ကြီးနှင့်ပြောနေသော ဖိုးဖိုးကို Collinပြူးကြောင်ကြောင် ကြည့်နေမိသည်။ Evanမဟုတ်ဘဲ Collinဆိုသည့်သူ့ကို  ဖိုးဖိုးက မွေးနေ့လက်ဆောင်ပေးမယ်တဲ့လား....  ရင်ထဲ နွေးသွားသလိုပင်။


"တကယ်... တကယ် ပေးမှာလား? ကျွန်တော့်ကိုလေ..."

"ဒါ ေပါ့။ ဖိုးဖိုးကို မယုံလို့လား?"


"ဟားဟား  မဟုတ်ပါဘူးဗျာ။ အပျော်လွန်သွားလို့ ဟီးး.. ဖိုးဖိုးအကောင်းဆုံးပဲ"

ပြောပြီး ဖိုးဖိုးကို Collinပြေးဖက်လိုက်လေသည်။


"ဟေ့ကောင်လေး.. အရမ်းကြီး မဖက်နဲ့လေ။ ဖိုးဖိုးက အသက်ကြီးပြီကွ...  ဖယ် ဖယ်.."

ဖိုးဖိုးက ပြောလည်းပြော   Collinကိုလည်း  အသာအယာတွန်းဖယ်နေလေသည်။


Issacအခန်းထဲသို့ ဝင်မနေတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်ပင်  အောက်ထပ်သို့ ပြန်ဆင်းလာလိုက်သည်။

တွေးကြည့်တော့လည်း Collinက သနားစရာပင်...။  သည်တလော  သူ့စိတ်ကြိုက် Collinကို ချုပ်ချယ်ထားခဲ့မိသည်။  အနှီကောင်လေးတောင်  မနက်ဖြန်ဆို အသက်(၂၀)ပြည့်တော့မယ်တဲ့လား... သူ့ထက်  လပိုင်းမျှသာ ငယ်ရွယ်သော ကောင်လေးကို Issac နည်းနည်းတော့ အလျှော့ပေးမှပါပဲ...

~

~

"သခင်လေး  နတ်ဆရာမကြီးက  အ ေခါ်တော်လွှတ်လိုက်တယ်"

Adam၏စကားကြောင့်  Issacရင်ထဲ  ထိတ်ခနဲဖြစ်သွားသည်။ Benကို ပြန် ေခါ်နိုင်တော့မယ်ထင်ပါရဲ့....

"သွားကြမယ်Adam"

"Collinကိုရော ေခါ်သွားမှာလား သခင်လေး"

သူ့ကို ေခါင်းခါပြသော သခင့်ကြောင့် Adamအလိုက်သိတတ်စွာ  နတ်ဆရာမကြီးဆီသို့ သွားရန် မြင်းလှည်းပြင်လိုက်လေသည်။   နတ်ဆရာမကြီးသည်  သခင်လေးတို့၏ ဘိုးဘေးအဆက်ဆက် ယုံကြည်ကိုးကွယ်ခဲ့ကြသော   နတ်ဆရာမျိုးနွယ်မှ  ဆင်းသက်လာသူတစ်ဦးဖြစ်သည်။  နန်းတွင်းတွင် တာဝန်မထမ်းဆောင်ဘဲ  သီးသန့်သာ နေနေသော်လည်း  သခင်လေးကိုတော့  လိုအပ်ချိန်တိုင်း ကူညီပေးတတ်သည်။ ယခုလည်း သခင်လေးမျှော်လင့်စောင့်စားနေသော Benကို  ပြန် ေခါ်နိုင်တော့မယ်ထင်ပါရဲ့....

Cinderella & Me (BL fiction) complete Where stories live. Discover now