Chapter(12)

6K 905 62
                                    


Unicode

Wednesday

"Evan ဗိုက်ဆာနေပြီလား.......
အမေက မမတို့အတွက် ေပါင်မုန့်တွေ
ပေးလိုက်တယ်။ "

Ellaနဲ့ Evan အလုပ်တွေပြီးလို့ အိမ်
ပြန်ဖို့ နှုတ်ဆက်တော့ Tremaine က
သူတို့မောင်နှမ စားဖို့ဆိုပြီး ေပါင်မုန့်
အနည်းငယ်ပေးလိုက်တာမို့  Ellaလည်း
ယူလာခဲ့တယ်။

"ရော့ မောင်လေးအကြိုက်  မြေပဲများများ
သုတ်ထားတယ်"

Evan သူ့ထံ Ella ကမ်းပေးနေတဲ့ မြေပဲ
ထောပတ် (peanut butter) သုတ်ထားတဲ့
ေပါင်မုန့်လေးကို လှမ်းယူလိုက်တယ်။

တကယ်တော့ သူငယ်ငယ်ကတည်းက
peanut butter ဆို အရမ်းကြိုက်တာ။
သူ့အကြိုက်ကို သိတဲ့ အမေက သူ
ေပါင်မုန့်စားတိုင်း အမြဲ များများ
သုတ်ပေးလေ့ရှိတယ်။

"နေအုံး!!!  မစားနဲ့"

ေပါင်မုန့်ကို စားဖို့ ပြင်နေတဲ့ Evanရဲ့
လက်ကို  Ellaဖမ်းဆွဲရင်း တားလိုက်
တာမို့ Evan က သူမကို နားမလည်
နိုင်တဲ့ အကြည့်နဲ့ ပြန်ကြည့်နေတယ်။

"မင်းဘယ်သူလဲ"

Ella ရဲ့ အမေးကြောင့် Evan ကြောင်သွား
တယ်.....

"Evan မဟုတ်ဘူး မင်းက"

Ellaက သူ့ကို ဝါးမြိုတော့မတတ်
အကြည့်နဲ့   ကြည့်နေတာမို့ 
Evan ကြက်သေ သေနေတယ်။

"ဘာတွေပြောနေတာလဲ .........
မမ နေမကောင်းဘူးလား"

Evan စိုးရိမ်တကြီးမေးနေပေမယ့် Ella
ရဲ့ပုံစံက တကယ်ကြောက်ဖို့ ကောင်း
နေတယ်။

"ရူးချင်ယောင် ဆောင်မနေနဲ့ ...
Evan က မြေပဲနဲ့မတည့်ဘူး။ မင်းက
မင်းနဲ့ မတည့်တဲ့ အရာကို စားဖို့ ပြင်
နေရလောက်တဲ့ အထိတော့  မရူးမိုက်
ဘူးထင်တာပဲ .......တကယ်ပဲ   မင်းက
ဘယ်သူလဲ"

Evan ခုမှ တကယ် အကြပ်ရိုက်ရပြီ။
သူ့ကိုယ်သူ မြေပဲနဲ့ မတည့်မှန်း သူတကယ်
မသိခဲ့ ။ Novel ကိုလည်း ဆုံးအောင်
မဖတ်မိခဲ့တာမို့  သူ့ဇာတ်ကို သူကြံဖန် ကနေခဲ့တာ။ အဆင်ပြေနေပြီပဲ ထင်ခဲ့တာ။
ခုလိုမျိုး ဖြစ်လာမယ်လို့ မထင်ထားမိခဲ့...

Cinderella & Me (BL fiction) complete Where stories live. Discover now