Extra-3

2.4K 296 0
                                    

Unicode Version

"ဟိုညီအစ်မ နှစ်ယောက်တောင် အချိုး တော်တော် ပြောင်းသွားတယ်နော် Collin"

"ဟုတ်တယ် ဦးလေးSam. ကျွန်တော်တို့ မရှိတဲ့ အတောအတွင်း ဘာတွေများ ဖြစ်သွားကြတာလဲ မသိဘူး။ ဒါပေမဲ့  စိတ်တော့ မကောင်းဘူးဗျာ"

သူတကယ်ကို စိတ်မကောင်းမိလေခြင်း.... Lady Tremaine ဘယ်လောက်ပဲ ယုတ်မာ ကောက်ကျစ်တယ် ပြောပြော သက်ဆိုးတော့ ရှည်မှာပဲဟု Collinထင်ခဲ့တာ။ ယခုကျတော့လည်း  အဆုတ်ကင်ဆာနှင့် ဆုံးသွားပြီတဲ့လား.....

သူနှင့် ဦးလေးSamအဖြစ်က  အမွေ သွားခွဲခါမှ  စျာပနနှင့်  ထိပ်တိုက်ကို ကြုံကြိုက်မိလေခြင်း။


"တကယ်ဆို Ellaရဲ့ ရပိုင်ခွင့်က ဒီထက် နှစ်ဆလောက် ပိုများတယ်"

စိန်သေတ္တာလေးကို ဖွင့်ကြည့်ရင်း ပြောလာသော ဦးလေးSamကို Collin မျက်မှောင်ကြီး ကြုတ်ရင်း ကြည့်လိုက်သည်။

"လောဘကြီးလိုက်တာ ဦးလေးSamရာ။ သူတို့လည်း  ရှိသမျှ တစ်ဝက် ခွဲပေးလိုက်တာပဲလေဗျာ"


"အဲ့ဒါတော့ သိတာပေါ့ကွ။ ငါ့ရှေ့မှာတင် ခွဲပြတဲ့ဟာ။ ငါ ပြောချင်တာက သူတို့ မလိမ္မာလို့ စည်းစိမ် ပြုန်းတာကို ပြောချင်တာ။ Mr.Tremaine ရှာခဲ့သမျှ စည်းစိမ်ရဲ့ သုံးပုံ တစ်ပုံပဲ ကျန်တယ် အခုဟာက"


"ကဲပါဗျာ။  ခုလည်း မနည်းပါဘူး ဦးလေးSamရဲ့"

"အာ အေးပါကွာ မင်းကလည်း"


ထိုစဥ် ရုတ်တရက် ထိုးရပ်သွားသော မြင်းှည်းကြောင့် တူဝရီး နှစ်ယောက်သား  ကြောင်သွားသည်။ 

မြင်းလှည်း ပြတင်းပေါက်မှတဆင့် အပြင်သို့ ကြည့်လိုက်လေတော့  မရင်းနှီးသော နေရာတစ်ခု....


"ဟို လင်မယားနှစ်ယောက်  တစ်ချက်ကလေးတောင် လှုပ်မယ် မကြံနဲ့။ ငြိမ်ငြိမ်ထိုင်နေ"

ပြောရင်း မြင်းလှည်းထံသို့ ဦးတည်လာသော ခပ်ထွားထွား ယောကျ်ားသား....
ထိုလူနောက်တွင်လည်း  မျက်နှာဖုံး စွပ်ထားသော  ယောကျာ်း သုံးယောက်ပါလာသည်။


Cinderella & Me (BL fiction) complete Where stories live. Discover now