Chapter(17)

5.7K 764 0
                                    

Unicode

Evanတစ်ယောက် ဝတ်စုံလေးကို ဘူးပြာလေးထဲကနေ ထုတ်ယူပြီး ဝတ်ကြည့်လိုက်သည်။  ကောင်းပေ့ နူးညံ့ပေ့ဆိုတဲ့ ပိတ်စကို အသုံးပြုပြီး ချုပ်လုပ်ထားကြောင်းကို နူးညံ့သော အထိအတွေ့မှတစ်ဆင့် Evanခံစားနေရသည်။ ရိုးရှင်းသော ဒီဇိုင်းနှင့် မိုးပြာရောင်ဝတ်စုံလေးသည် Evanနဲ့ အတော်ပနံသင့်လှသည်။

အဝတ်လဲခန်းထဲက ထွက်လာသည့်သူ့ကို Ellaက လက်ပိုက်ပြီး ရပ်ကြည့်နေတာမို့ Evanပြုံးပြလိုက်သည်။

"ခဏနေဦး Evan! ငါ မင်းကို မေးစရာရှိတယ်"
အခန်းတံခါးကို ဖွင့်ဖို့ ပြင်နေတဲ့ သူ့ကို လှမ်းတားရင်း ပြောလိုက်သည့် Ellaကြောင့် Evan နောက်လှည့်ကြည့်လိုက်သည်။

"Evan.... မင်းပြောတဲ့ Noahဆိုတဲ့ လူမှာ ဆံပင်နီနီတွေရှိလား?"

"ဟမ်!!!   အစ်ကို ဘယ်လိုလုပ်သိတာလဲ"

Evanရဲ့ တအံ့တသြ ပြန်လည်ဖြေကြားလိုက်ပုံကြောင့် Ellaမျက်လုံးတွေ ပြူးကျယ်သွားသည်။

"ဒါ.... ဒါဆို တကယ်ပဲ အဲ့ Noahေပါ့"

"ဘယ် Noahလဲ Ella???"

တစ်ခုခုကို အလေးအနက် စဥ်းစားနေတဲ့ Ellaရဲ့ လက်မောင်းကို Evanကိုင်ရင်း မေးလိုက်တော့ Ellaက စိတ်နဲ့လူ ပြန်ကပ်သွားဟန်ဖြင့် Evanရဲ့ နားနားကပ်ပြီး နှစ်ကိုယ်သားကြားရုံသာ ပြောလိုက်သည်။

        
..........................................................

လှေကားေပါ်က ဆင်းလာသည့် Ellaနဲ့ Evanတို့ကို မြင်သည်နှင့် Noahတစ်ယောက် လှေကားကို ကျောပေးထိုင်နေတဲ့ Lucienကို မျက်နှာရိပ်မျက်ကဲပြလိုက်သည်။

Lucienက Noahဆိုလိုချင်တာကို နားလည်လိုက်သည်မို့ သူ့ကိုယ်ကို မတ်မတ်ထိုင်လိုက်ရင်း Noahကို အေးတိအေးစက်ပြန်ကြည့်လိုက်သည်။

Lucienက သူ့ကို အေးစက်စက်ကြည့်ပြီး တုန့်ပြန်လိုက်ပေမယ့် အကောင် ေပါက်ကြောင့် စိတ်လှုပ်ရှားနေကြောင်းကို Lucienရဲ့လက်ထဲက မသိမသာ တုန်ခါနေတဲ့ ကော်ဖီခွက်လေးကနေတစ်ဆင့် Noah ခန့်မှန်းနိုင်သည်။

Cinderella & Me (BL fiction) complete Waar verhalen tot leven komen. Ontdek het nu