Chapter(35)

3.2K 448 3
                                    

Unicode
~~~~~~~

"ဟူးး"

Evanစိတ်လေလေနှင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ သူ့အားဖက်ကာ ငိုယိုနေခဲ့သောကောင်လေးသည် ယခုတော့ သူ့လက်ကို ဆုပ်ကိုင်ကာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေလေပြီ။ ရှိုက်ကြီးတငင်ငိုပြီး အိပ်ပျော်သွားသောကောင်လေးကြောင့် သူ့ခမျာ သနားစိတ်ဖြင့် မနှိုးရက်။


ထိုကောင်လေးအား သူမှတ်မိပါသည်။ မြေပဲစားမိသည့်သူ့ကို ကုပေးခဲ့သော ဆေးဆရာလေးက သူ့ကို Benဟု တတွင်တွင် ေခါ်နေသည်ကို သူနားမလည်ပေ။ ယခုလည်း သူ့အား ဘယ်ဆီသို့ ေခါ်သွားမှန်းမသိ....။ Lucienကရော ဘယ်များပျောက်နေပါလိမ့်...?

သက်ပြင်းကိုသာ အကြိမ်ကြိမ်ချနေမိသော်လည်း သူ့ေပါင် ေပါ်မှ Isaacကတော့ ကလေးလေးအလား အိပ်မောကျနေလေသည်။


မြင်းလှည်းလေးကတော့ တရွေ့ရွေ့ခရီးဆက်နေဆဲ....။

~

~

Ben၏ သက်ပြင်းချသံ သဲ့သဲ့ကို Issacကြားနေရသော်လည်း အိပ်ချင်ယောင်သာ ဆက်ဆောင်နေမိသည်။ သည်အတိုင်းလေး သူဆက်နေချင်ပါသေးသည်။ သူသာနိုးလာကြည့်ပါလား... ထိုကောင်လေးက သူနှင့်ဝေးရာသို့ ပြောင်းထိုင်မှာ ဧကန်မလွဲပင်...။


သုံးနှစ်ကလေးလေး၏ လက်ဖဝါးသေးသေးလေးများသည် အရွယ်အစားကြီးမားလာသော်လည်း ယခုအချိန်ထိကို မပြောင်းမလဲ နူးညံ့နေဆဲပင်။ Benနှင့် ပတ်သက်သမျှ အရာရာတိုင်းသည် သူ့အတွက်တော့ မြတ်နိုးစရာတွေချည်းပင်.....။

~~~~~~~

"အားးး ကျွတ်ကျွတ်"

မနေနိုင်တော့ဘဲ Evanညည်းညူလိုက်မိသည်။

မညည်းခံနိုင်ရိုးလား... ကိုယ်တော်ချောလေးက သူ့ ေပါင် ေပါ် ေခါင်းအုံးပြီး အိပ်နေသည်မှာ အတော့်ကို ကြာမြင့်နေပြီ။ အလိုက်ကန်းဆိုးမသိသော ထိုကောင်လေးကြောင့် ခုနက သနားစိတ်များပင် ပျောက်ကွယ်သွားလေသည်။ အားမနာတတ်သည့် ကျေးဇူးရှင်လေးသည် သူ့ကိုများ ေခါင်းအုံးမှတ်နေလေလားမသိ....

Cinderella & Me (BL fiction) complete Where stories live. Discover now