Chapter(6)

7.1K 903 26
                                    

Sunday
(***အခု အပိုင်းကစပြီး ကြင်ယာတော်
ရွေးပွဲ မတိုင်ခင်အထိ ဖြစ်ပျက်ခဲ့တာ
လေးတွေကို အ ေပါ်က လို Sunday Monday ....ဆိုပြီး ရက်စွဲလေးတွေနဲ့ ရေး
သွားပါမယ်နော်. ပြီးတော့ မရောသွားပါ
နဲ့နော်. ဒီ အခန်း(၆) မှာ ရေးထားသမျှဟာ
Evan တို့ စျေးမှာ ဆွဲကြိုး ပြဿနာတက်
တဲ့ တစ်နေ့တည်းက အဖြစ်အပျက်တွေပါ.
ဒီအပိုင်းလေးကို သေချာဖတ်ပေးကြပါ.
Collin ဖတ်ခဲ့တဲ့ novel နဲ့ ဆက်နွယ်နေလို့
ပါ****)


"မေမေ!!! Ana!!!!"

မနက်စောစော စီးစီး  ဖိတ်စာတစ်စောင်
ကို ကိုင်ရင်း ကမ္ဘာပျက်မတတ် အော်ကာ သူ့တို့ထံ ပြေးလာ နေတဲ့ Drizella ရဲ့
အသံကြောင့် Tremaine ကတော့  သူမရဲ့ အသီးဖျော်ရည်သောက်တာမပျက်သွား
ပေမယ့် ရေသောက်နေတဲ့ Anastasia
ကတော့ ရေသီးသွားရှာတယ်

Drizella တစ်ယောက် Tremaine
တို့နဲ့အတူအသီးဖျော်ရည်
သောက်နေတုန်း  အိမ်တော်ရဲ့ အဝင်
တံခါးမ ကြီးဆီက  လူေခါ် 
ေခါင်းလောင်းသံကို ကြားလိုက်ရတယ်
လက်တိုလက်တောင်းခိုင်းစရာ
Ella နဲ့ Evan တို့ က စျေးသွားနေကြတာမို့
သူကိုယ်တိုင်ပဲ သွားကြည့်လိုက်တယ်
စာပို့သမားဆီက ရလိုက်တဲ့ ဖိတ်စာမှာ
တော်ဝင်တံဆိပ် ေခါင်း ကပ်ထားတာမို့
မနေနိုင်တော့ဘဲ ဖွင့်ကြည့်လိုက်မိတယ်
ရေးထားတဲ့ စာတွေကို ဖတ်ရင်း သူမ
မျက်နှာဟာ တဖြည်းဖြည်းပြုံးဖြီးလာတယ်
ပြီးတော့ အူယားဖားယားနဲ့ Tremaine
တို့ဆီကို ပြေးလာတယ်

Tremaine က သူမအား Drizella
ကမ်းပေးတဲ့ ဖိတ်စာကို ယူပြီး ဖတ်ကြည့်
လိုက်တယ် . မင်းသားလေးရဲ့
ကြင်ယာတော် ရွေးချယ်ပွဲကို လာမယ့်
သောကြာနေ့ညမှာ  ကျင်းပမှာ
ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးတဲ့
မိန်းမပျိုတိုင်းကို တက်ရောက်ဖို့
ဖိတ်ကြားထားတဲ့ ဖိတ်စာကို ကြည့်ရင်း
ကြက်သွေးရောင်ရင့်ရင့်ဆိုးထားတဲ့
သူမ   နှုတ်ခမ်းတွေဟာ ပြုံးယောင်သမ်း
လာတယ်

မိခင်ဖြစ်သူရဲ့ အနောက်ကနေ ဖိတ်စာကို
ဖတ်လိုက်ရတဲ့ Anastasia ဟာလည်း
အူမြူးနေရှာတယ်

" သမီးတို့က အသက်၂၀ ကျော်နေပြီ
ဆိုတော့ သမီးတို့ သွားလို့ရတာ ေပါ့
နော် .သမီးတို့လည်း မင်းသားလေး
ရဲ့ ကြင်ယာတော် ဖြစ်နိုင်တယ် ေပါ့
ဟုတ်လား မေမေ"
Drizella က သူမအမေရဲ့ လက်ကို
ကိုင်ကာ မေးတော့ Anastasia ကလည်း
သူ့ရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝနေ
တဲ့ မျက်လုံးနဲ့ မိခင်ဖြစ်သူကို ကြည့်ရှာ
တယ်

Cinderella & Me (BL fiction) complete Nơi câu chuyện tồn tại. Hãy khám phá bây giờ