Chapter(5)

7.6K 985 102
                                    

ဥယျာဥ်တော်ထဲမှာ အပြန်အလှန်
ဗျူဟာခင်းကာ ယှဉ်ပြိုင်နေကြတဲ့
သူတို့ နှစ်ယောက်

"Chess"
ခန့်ညားပြီး သြဇာအရှိန်အဝါတွေနဲ့ ပြည့်ဝ
နေတဲ့ အမျိုးသားက သူ့ရဲ့ နှုတ်ခမ်းများ
ဘေးသို့ ကော့တက်သွားအောင် ပြုံးရင်း
သူ့ရှေ့က လူငယ်လေးကိုကြည့်ကာ
ပြောလေတယ်

မွေးရာပါ ငွေမျှင်ရောင် ဆံနွယ်များနဲ့
ထိုလူငယ်လေးက   သူ့ရဲ့ အရှုံးကို
လက်ခံတဲ့ အနေနဲ့  ေခါင်းညိတ်ပြ
တော့  အနိုင်ရသွားတဲ့ အမျိုးသားက

"ခမည်းတော် နိုင်သွားပြီဖြစ်တဲ့ အတွက်
ကြင်ယာတော် ရွေးပွဲကို  သားတော်
ငြင်းပိုင်ခွင့်မရှိတော့ဘူး.  ဒီပွဲကို မကြာခင်
ကျရောက်တော့မယ့် သားတော်ရဲ့
အသက် ၂၀ ပြည့် မွေးနေ့ပွဲမှာ ကျင်းပကြ
မယ်. တိုင်းပြည်မှာ ရှိတဲ့ အသက် ၁၈ နှစ်
ပြည့်ပြီးတဲ့ မိန်းမပျိုတိုင်းကို တက်ရောက်
ဖို့  ဖိတ်ကြားကြမယ်. တက်ရောက်တဲ့
မိန်းမပျိုတွေထဲကနေ"

" မိန်းမပျိုတွေကိုပဲ ဖိတ်ကြားမှာလား
ခမည်းတော်"

သူစကားပြောရင် တစ်ခါမှ ကြားဖြတ်ပြီး
မပြောတတ်တဲ့ မင်းသား Lucienဆီက
ခုလို ကြားဖြတ်ပြီး အပြောခံလိုက်ရတော့
ဘုရင်ကြီး Martin သူဆက်ပြောရမယ့်
စကားတွေ ပျောက်ရှကုန်တယ်.

"သားတော်ရဲ့ ကြင် ယာတော် ရွေးပွဲကို
ခမည်းတော်က တိုင်းပြည်မှာ ရှိတဲ့
မိန်းမပျိုတွေကို မဖိတ်လို့ ဘယ် က
ယောက်ျားပျိုကို ဖိတ်ရမှာလဲ သားတော်"
(***သားမက်လောင်းလေးကို ေပါ့
ဘုရင်ကြီးရဲ့ )

"နားလည်ပါပြီ. ခမည်းတော် ဆန္ဒရှိသလို
သာ စီစဥ်ပါ. သားတော်ကို ခွင့်ပြုပါဦး"
Lucien လည်း ဘုရင်ကြီးကို အရိုအသေ
ပေးပြီး ထွက်လာခဲ့တော့တယ်.

သူဒီနေ့  စျေးထဲကို စုံစမ်းစရာရှိလို့
သွားရာက မြင်လာခဲ့ရတဲ့ ကောင်လေးကို
ခုချိန်ထိ  အာရုံထဲက ထုတ်လို့မရ.
ေဒါသထွက်ရင် ခွေးေပါက်လေးနဲ့
တူလွန်းတဲ့ အနှီကောင်လေးက ဘယ်သူ
များလဲ သူသိချင်မိိတယ်. ထပ်လည်းဆုံ
ချင်သေးတာမို့  သူမနက်ဖြန်လည်း
စျေးကို သွားဖြစ်အုံးမယ်ဆိုတာ
သေချာပါသည်.

Cinderella & Me (BL fiction) complete Where stories live. Discover now