Chapter(34)

3.2K 451 8
                                    




Unicode
~~~~~~~

"သခင်လေးIssacက ဒီကို ဘာကိစ္စရှိ..."

အိမ်တော်ထိန်းကြီးခမျာ စကားကို ဆုံးအောင်ပင် မပြောနိုင်ရှာတော့ဘဲ သတိမေ့သွားလေသည်။ အိမ်တော်တွင်းရှိ အစေခံများမှာလည်း သူလွှတ်ထားပြီးသော သူလျှိုများ၏ ကောင်းမှုကြောင့် အိပ်ဆေးမိကာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေကြလေပြီ။

Evan၏ မြေပဲAlleryကို သူကုပေးပြီးကတည်းက ထိုအိမ်တော်သို့ လူယုံများစေလွှတ်ကာ သူလျှိုလုပ်ခိုင်းခဲ့သည်။ Adam၏ အားထုတ်ပေးမှုတို့ကြောင့် Evanဟာ သူ့၏ တစ်ဦးတည်းသော Benဖြစ်နေမှန်း သိခဲ့ရသည်။

နောက်ဆုံးတော့ Benကို အိမ်ပြန် ေခါ်နိုင်တော့မည်....။

~

~

"Ben... Ben"

သူ့အား လှုပ်နှိုးနေသော လက်တစ်စုံကြောင့် အင်းအင်းအဲအဲလုပ်ရင်း တစ်ဖက်သို့ လူးလိမ့်လှည့်ကာ Evan ပြန်အိပ်ပျော်သွားလေသည်။

ကလေးလေးတစ်ယောက်ပမာ အိပ်မောကျနေသော ကောင်လေးအား Issacမနှိုးရက်တော့ပေ...။ ထိုကောင်လေးအား ပွေ့ချီကာ အခန်းထဲမှ ထွက်လာလိုက်လေတော့ ချစ်စဖွယ်ကောင်လေးက တုတ်တုတ်မျှမလှုပ်ပေ။ ဆင်အော်လျှင်တောင် နိုးလာမည့် ကောင်လေးမျိုးမဟုတ်သောကြောင့် Issacခမျာ အသည်းယားနေမိသည်။ Benသည် သူ့အား အချိန်တိုင်းကို ပြုစားနိုင်လွန်းလှသည်။

ထိုညက တူတော်မောင်လေးအား Issac ေခါ်သွားကြောင်းကို အိပ်မက်ကမ္ဘာထဲတွင် ပျော်မြူးနေသော Sam ေခါ် Ellaလည်း သတိမထားမိခဲ့ချေ။

~ ~ ~ ~ ~ ~ ~

"Issacက ခရီးသွားပြီလား...? ပြောတော့ မနက်ဖြန်မှဆို..."

Noahတစ်ယောက် ညည်းညည်းညူညူ ပြောလိုက်မိသည်။ ညဥ့်နက်နေပြီဖြစ်သောကြောင့် သူ့ခမျာ အိပ်ချင်နေသော်လည်း အလိုက်ကန်းဆိုးမသိသည့် ညီဖြစ်သူဆွဲေခါ်ရာကို လိုက်လာခဲ့ရလေသည်။ ခုကျတော့လည်း အလာကောင်းပေမယ့် အခါနှောင်းသွားပြီဟု ပြောရမည်လားပင် မသိတော့...။

Cinderella & Me (BL fiction) complete Where stories live. Discover now