Chapter(43)

3K 427 3
                                    

Unicode
~~~~~~~

"အဟမ်း! ဒီက သခင်လေးတို့ မဝယ်ဘူးဆိုရင်လည်း ဖယ်ပေးကြပါနော်။ အနောက်မှာ ဝယ်မယ့်သူတွေ ရွေးလို့မရဘူးဖြစ်နေတယ်"

ကြည်နူးနေသော လေထုကြီးကို ဖြိုခွင်းလိုက်သော ဆိုင်ရှင်၏ အသံသည် Lucien၏ နားထဲတွင်တော့ ငှက်ဆိုးထိုးသံလိုပင်...

သူ မလွတ်တမ်း ဖက်ထားသော  ကောင်လေးမှာလည်း တောက်လျှောက်ငြိမ်နေခဲ့ပြီး ထိုအသံကြားမှသာ သူ့အား တွန်းဖယ်လာလေသည်။ ရုန်းကန်နေသော ကောင်လေးကို Lucienတစ်ယောက် မလွှတ်ပေးဘဲ မရမက ဆက်ဖက်ထားနေလိုက်သည်။

Evanနှင့်မတူဘဲ သည်ကောင်လေးကတော့ အားသန်သည်ဟု ပြောလို့သည်။  သူနှင့်မတိမ်းမယိမ်း အားအင်တို့နှင့် ရုန်းနေသော ကောင်လေးကြောင့် Lucienခမျာ ကြာကြာတင်းမခံနိုင်တော့ဘဲ လွှတ်ပေးလိုက်ရလေသည်။


Collinတစ်ယောက် Lucienလွှတ်ပေးမှသာ လက်ထဲမှကျသွားသော ပန်းသီးကို ပြန်ကောက်ရလေသည်။ သူ သေချာရွေးထားခဲ့သည့် ပန်းသီးလေးခမျာ ယခုတော့ မြေပြင်ထက်တွင် သဲတရှပ်ရှပ်နှင့် ပေပွနေလေသည်။ ရေဆေးပြီးစားလို့တော့ ရသေးသည်ဟုတွေးရင်း ကျသင့်ငွေရှင်းကာ အနှီပန်းသီးလေးကိုပဲ Collinယူလိုက်လေသည်။

စိတ်ထဲမှလည်း Lucienကို ကျိန်ဆဲနေမိသည်။ လုပ်လိုက်လျှင် အသည်းအသန်ချည်းပဲ။ တော်သေးတာ ေပါ့... ပန်းသီးပဲ ပြုတ်ကျပြီး ဝယ်လာတဲ့ အစထုပ်တွေ မပြုတ်ကျသွားပေလို့။ အနှီအထုပ်ပါ ပြုတ်ကျသွားလျှင် Collin ရင်ကျိုးရချည်ရဲ့။ လောလောဆယ်တော့ အနှီဆံဖြူကောင်လေးရဲ့ ဆံပင်တွေကို တစ်မွေးမှမကျန်အောင်ကို Collinဆွဲနှုတ်ချင်နေသည်။


ပန်းသီးဖိုးရှင်းပြီး သူ့အားဂျိုကြည့်ကြည့်ကာ ထွက်သွားသော ကောင်လေးနောက်သို့ Lucienတစ်ယောက် အပြေးအလွှားကို လိုက်ရလေသည်။ အရပ်ပိုရှည်သွားလို့ထင်ပါရဲ့... Collinရဲ့ ခြေလှမ်းတွေသည် ယခင်ကထက်ကို ပိုမြန်ကာ ပိုသွက်နေခဲ့သည်။

ခြေလှမ်းကျဲများဖြင့် တစ်လှမ်း.... နှစ်လှမ်း.... သုံးလှမ်း.....


Cinderella & Me (BL fiction) complete Where stories live. Discover now