Extra-1

3K 307 12
                                    

Unicode Version

(Spoilရရင် 🔞 ပါပါတယ်။ အသက်မပြည့်သေးရင် မဖတ်ပါနဲ့လို့ တားလည်း ရမှာ မဟုတ်တာကြောင့် အရေးအသားကို အတတ်နိုင်ဆုံး ဆင်ခြင်ထားပါတယ်။  Enjoy dears)


"တိုင်းပြည်ရဲ့အရှင်သခင်  ဘုရင်ကြီးMartinရဲ့ တစ်ဦးတည်းသောသားဖြစ်သူ  ငါ ကိုယ်တော်ဟာ  ဒီနေ့ ဒီအချိန်ကစပြီး  ကြင်ယာတော်ကို အသက်ထက်ဆုံး သစ္စာ ရှိရှိ ပေါင်းသင်းသွားပါ့မယ်။  ဤမှန်ကန်သော သစ္စာစကားကြောင့် ငါကိုယ်တော်နဲ့ ကြင်ယာတော်တို့ရဲ့ ချစ်ခြင်းကို  ဘယ်အရာကမှ  မခွဲနိုင်ပါစေသား"

ရေခဲမင်းသားလေး၏ ပြတ်သားလှသော သစ္စာစကားကို အားလုံးက လက်ခုပ်တီးကာ ကောင်းချီးပေးကြ၏။

Lucienတစ်ယောက် ဝိုင်ခွက်ကို ဟန်ပါပါ မြှောက်ရင်း  တစ်ငုံ သောက်လိုက်သည်။ ထို့နောက် သူ့ဘေးမှ အသည်းအသက်လေး၏ လက်ဖမိုးအား အနမ်း ဖွဖွတို့ ပေးလိုက်လေတော့ အကောင်ပေါက်လေး၏  ဖြူဖွေးဖွေး ပါးနှစ်ဖက်က  ရုတ်ခြည်း ပန်းနုရောင်သို့  ကူးပြောင်းသွားလေ၏။

ပူပူနွေးနွေး ကြင်ယာတော်လေး ရှက်နေပြီထင်ပါရဲ့။

ဘယ်လိုလုပ်ရပါ့။ သည်လောက်တောင် အရှက်ကြီးရလား..... ဒါတောင် လက်ဖမိုးကိုပဲ နမ်းရသေးတာ။  သူ့အနေနှင့် သည့်ထက်မကကို အနမ်းမိုးတွေ  ရွာသွန်းချင်နေတာ။



အင်း... ညကျမှ....


တွေးရင်း  Lucien တံတွေးတို့ကို မြိုချလိုက်မိသည်။ ခန္ဓာကိုယ်ကလည်း  ပူအိုက်လာသယောင်......  အထပ်ထပ် ဝတ်ထားရသော ဝတ်ရုံကြောင့် ဖြစ်မည်ထင်ပါရဲ့။



"သြော်.... ဘာလိုလိုနဲ့  ငါ့ညီတော်လေးတောင် ယောကျ်ား ရသွားပြီပဲ။ ဒီက အစ်ကိုကြီးက  ဂုဏ်ပြုပါတယ်ကွာ။ ဒီလင် ဒီလင်  အိုအောင် မင်းအောင် ပေါင်းရပါစေ"


စပ်ဖြီးဖြီးနှင့် Noahရုပ်က ပကတိ သောက်မြင် ကတ်ချင်စဖွယ်....  

"ကျေးဇူးပါ Noah....  ဆုကတော့  မင်း မတောင်းပေးလည်း  ပြည့်နေပြီးသားပါ"


Lucien၏  အချိုးမပြေသော တုန့်ပြန် စကားတို့ကြောင့် Noah တစ်ယောက်  သွေးအန်ချင်သွားသည်။ 

Cinderella & Me (BL fiction) complete Où les histoires vivent. Découvrez maintenant