Chapter(39)

3K 447 28
                                    

Unicode
~~~~~~~

"အင်း.... ကျွန်တော် နားလည်ပြီ။  ခင်ဗျားပဲ ကောင်းသလို စီစဥ်လိုက်ပါ"

Collinအပြုံးမပျက် ပြောလိုက်သည်။  Evanကိုယ်ထဲ ဝင်နေတာလည်း ကြာလှပြီလေ...  ပိုင်ရှင်ဖြစ်သူကို  ခန္ဓာပြန်ပေးရမှာ ေပါ့။  သူ့အတွက်  နောက်ထပ် ခန္ဓာတစ်ခု ရှာပေးမယ်ဆိုတာနှင့်တင်   Issacကို တော်တော် ကျေးဇူးတင်နေမိပြီီ။  အနည်းဆုံးတော့  သူမသေသေးဘူး ေပါ့...

"ငါ  မင်းအတွက် အကောင်းဆုံး ခန္ဓာကိုယ်ကို  ရှာပေးပါ့မယ်။  Collinဆိုတဲ့  မင်းနာမည်နဲ့ ဆက်ပြီး ရှင်သန်နိုင်အောင်လည်း  ကူညီပေးပါ့မယ်"

"အင်း ကျေးဇူးပါ Issac...  ငါ တောင်းပန်ပါတယ်။ မင်းရဲ့ Benကိုယ်ထဲ ဝင်နေမိလို့"


သည်လိုကျတော့လည်း Collinက သနားစရာပင်...  သည်ကိစ္စတွေက  Collinဖြစ်ချင်လို့ ဖြစ်လာတာတွေမှ မဟုတ်တာ။  သို့သော်လည်း Benကို ပြန်လိုချင်သောကြောင့်  Issacအနည်းငယ်  တစ်ကိုယ်ကောင်းဆန်မိခဲ့သည်။  ဒါကိုတောင် Collinဆိုသည့် ကောင်လေးက အသာတကြည် လက်ခံခဲ့ရုံသာမက  တောင်းပန်စကားတောင်  ဆိုနေသေးသည်မို့   လိပ်ပြာမသန့်ဖြစ်နေမိသည်။

"မနက်ဖြန်  မင်းမွေးနေ့မလား?  ဘာလိုချင်လဲ?  ငါတတ်နိုင်တဲ့ အရာဆို ဖြည့်ဆည်းပေးပါ့မယ်"

Issac၏  သဘောကောင်းနေမှုကြီးကြောင့် Collinပြုံးလိုက်မိသည်။ 

ကိုယ်တော်ချောလေးက  Benကို  ပြန်ရတော့မယ်ဆိုတော့ ပျော်နေတာ ေပါ့လေ... သည်လိုကျတော့လည်း  Vanကို ချစ်မိသွားတဲ့ Lucienကရော...?   Evanက Lucienနဲ့ ဖြစ်ပျက်ခဲ့သမျှကို   မှတ်မိမှာမဟုတ်ဘူးလေ....  သည်လိုဆို Lucien အဆင်ပြေပါ့မလား...?

တွေးရင်း Collin ဆို့နင့်လာလေသည်။  Lucienနဲ့သူ...  ဝေးကြရပြီ ေပါ့။

"စာလေးတစ်စောင်....  ကျွန်တော် စာလေးတစ်စောင်ရေးခဲ့မယ်။  ကိစ္စအားလုံးပြီးပြတ်သွားရင် Lucienလက်ထဲ  သေချာေပါက်ရောက်အောင်ကို   ပို့ပေးပါ။  ပြီးတော့... Collinဘယ်ရောက်သွားလဲမေးရင်   မသိဘူးလို့ပဲ ဖြေလိုက်ပါ"

ထိုကောင်လေးက  အပြုံးမပျက်ပြောနေပေမယ့်လည်း  ထိုအပြုံးလေးများက   အသက်မဝင်လှမှန်း Issacသိပါသည်။  သည်အချိန်တွင်   စိတ်မကောင်းဖြစ်ရုံမှလွဲ၍  Issacဘာမျှ မတတ်နိုင်...။ သူတစ်ကိုယ်ကောင်းဆန်နေတာက Benအတွက်ပဲလေ....

Cinderella & Me (BL fiction) complete Where stories live. Discover now