Extra-8

2.3K 288 26
                                    

Unicode Version

ဦးလေးSam၏ စကားတို့က Collinအတွက်တော့  နွေခေါင်ခေါင်ကြီး မိုးကြိုး အပစ်ခံလိုက်ရသလိုပင်။ 

ဘယ်လိုတွေများ ဖြစ်ပျက်ကုန်ရတာပါလိမ့်....

"မ  မနောက်နဲ့နော် ဦးလေးSam. ဒါမျိုးက နောက်ရမယ့် ကိစ္စမဟုတ်ဘူး။ အခန့်မသင့်ရင်  ခေါင်းနဲ့ ကိုယ်  အိုးစားကွဲသွားနိုင်တယ်"

Collin ပုံစံဟာ အတော့်ကို သွေးပျက်နေပြီ။

"နောက်စရာလား ခွေးကောင်လေးရဲ့"

"ဟမ်   ဒီလိုဆို တကယ်ကြီးပေါ့"

"တကယ် မဟုတ်ဘူး။ နှစ်ကယ်ဟေ့ နှစ်ကယ်"

ဟုတ်သည်။ Sam စိတ်မရှည်တော့။ တကယ် နစ်နာသူက သူရယ်ပါ။ သူ့ခမျာ ဘဲကြီးကို  သဘောကျလွန်းလို့သာ အောက်ပုဂ္ဂိုလ် လုပ်ပေးခဲ့ရတာ။ တကယ်ဆို ဟိုက်ခေတ်မှာ သူက အညွန့်ချည်းသာ ခူးစားခဲ့သူ။  ဒါတွေကို တူတော်မောင်လေးCollinကတော့ မသိချေ။ Samကိုယ်တိုင်ကလည်း အနေအထိုင် ပိရိခဲ့လေတော့  မိဘများပင် မရိပ်မိခဲ့။

"ဦးလေးSamရယ်....  ဖြစ်မယ့်ဖြစ်တော့လည်း အဖိုးကြီးနဲ့မှ  သွားဖြစ်ရတယ်လို့"

ဟုတ်သည်။ Collinတစ်ယောက်  ဦးလေးSam ကို အတော် နှမြော၏။  သူ့ဦးလေးက  ခုမှ အသက်(၃၀)စွန်းစွန်းလေးရယ်ပါ။ ဦးလေးSamဝင်နေသည့် ခန္ဓာပိုင်ရှင် Ellaမှာလည်း  ငယ်ငယ်ချောချော မိန်းမပျိုလေး။ဒါကို ဘာ့ကြောင့်ရယ်များ...

"အဖိုးကြီးလို့ရယ်တော့ မဟုတ်ပါဘူး Collinရယ်...  Daddyကြီးပါ။ မင်းကလည်း"

ကြားလိုက်ရသော မထော်မနှမ်း စကားတို့ကြောင့် Collin နှာခေါင်းရှုံ့လိုက်မိသည်။ ဦးလေးSam... ဦးလေးSam....  ဘယ်တုန်းကများ  သည်လောက်တောင် ရွစိထိုးသွားပါလိမ့်။

"ထားပါတော့။ သူ့ဘာသာ ဘာကြီးပဲ ဖြစ်နေနေ....  ဦးလေးSamကို သူ တာဝန် ယူရမယ်"

"ယူမှာပါ Collinရဲ့။  တိုင်းပြည်ရဲ့ ဘုရင်က ဒီလောက်တော့  တာဝန်ယူမှု ရှိမှာပါကွ မင်းကလည်း"

ဦးလေးSamတစ်ယောက် ပြောနေပုံကိုက  ပြုံးဖြီးကာ သွား(၃၂)လုံးပင်  မြင်နေရသည်။ ဦးလေးSamကို Collin တကယ်ကို ထိန်းမနိုင်တော့ပါလား။

Cinderella & Me (BL fiction) complete Where stories live. Discover now