For Extra

2.2K 105 0
                                    

Hello guyssss
ဒီကာလမှာ စိတ်ရော ကိုယ်ပါ နွမ်းနယ်နေကြမှာ သိပါတယ်။ အားလုံး အားတင်းထားကြပါ။ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ပေးကြပါ။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ကြပါ။ ခင်ဗျားလေးတို့ရဲ့ တစ်နေ့တာ နွမ်းလျသမျှတွေ ဖြေဖျောက်နိုင်အောင် ဖန်လည်း စာတွေ ဆက်ရေးသွားပါ့မယ်။ အားလုံး တက်ညီလက်ညီ ဇွဲမလျော့တမ်း တွန်းလှန်သွားကြရအောင်💪


Cinderella လေးရဲ့ extraကို  မျှော်နေတဲ့ သူလေးတွေအတွက်  သတင်းကောင်း တစ်ခု ပါးချင်ပါတယ်။  Juneလထဲမှာ Extraတင်ပေးပါ့မယ်နော်။  လက်ရှိရေးနေတဲ့ "Once upon in April"လေးကိုလည်း  ကြုံကြိုက်ရင် ဖတ်ပေးကြပါနော်။

သူကတော့ တစ်မျိုး ဆန်းထားပါတယ်။ အရေးအသားကအစ  ငြိမ့်ငြိမ့်ညောင်းညောင်းလေး ရေးထားပါတယ်။ ဇာတ်လမ်းက အေးသယောင် ရှိသော်ငြား  မြှုပ်ကွက်တွေ ပါနေတာမို့  Jigsawလေးလို  အပိုင်းအစလေးတွေ ဆက်သွားရမှာပါ။ 

ကြုံတုန်း စျေးဗန်းခင်းတဲ့အနေနဲ့ Reviewလေး ရေးပေးပါ့မယ်ဗျ

Once upon in April 💗
ထိုနေ့ကပေါ့......
ချယ်ရီလေးတွေဟာ ကြွေလွင့်ရင်း တီးတိုးပြောသွားကြသတဲ့။
ပွင့်ချပ်လေးတွေရဲ့ ပြောစကားကို နားထောင်ရင်း ကောင်လေးတစ်ယောက်က ပြုံးနေခဲ့သလို ကျန်ကောင်လေးတစ်ယောက်ဟာလည်း အနှီအပြုံးလေးကို စွဲလမ်းသွားရှာသတဲ့။


နယူတန်ဟာ မြေကြီးပေါ်ကို ကြွေကျလာတဲ့ ပန်းသီးတစ်လုံးကြောင့် "Law of Gravity"ကို ရှာတွေ့ခဲ့သလို ကောင်လေးတစ်ယောက်ဟာလည်း နှုတ်ခမ်းပေါ်ကို သက်ဆင်းလာတဲ့ အနမ်းတစ်ပွင့်ကြောင့် သူ့နှလုံးသားရဲ့ ဆွဲငင်ရာကို တွေ့ရှိခဲ့သတဲ့......



ပစ္စုပ္ပန်မှာ ပျော်နေကြတဲ့ ကောင်လေးနှစ်ယောက်အတွက် အတိတ်ဆိုတာကြီးသာ ပြန်ပေါ်မလာခဲ့ရင် သူတို့ ဒီထက်မက ပြုံးပျော်နိုင်လိမ့်မယ်ထင်ပါရဲ့။

သူတို့နှစ်ယောက်ရဲ့ အချစ်ဟာ မိုးရွာပြီး နေခြည်ဖြာမှသာ ထွက်ပေါ်လာတတ်တဲ့ သက်တန့်ကလေးလိုပေါ့..... နာကျင်စရာလေးတွေကို အားတင်း ကျော်ဖြတ်ပြီးရင် လှပတဲ့ ချစ်ခြင်းတွေကို သူတို့ ထုဆစ်ပုံဖော်နိုင်မှာပါ.....။

Cinderella & Me (BL fiction) complete Where stories live. Discover now