Chapter(50)

2.8K 367 5
                                    

Unicode
~~~~~~~

"ဘာ!!!!  မောင်မင်း လျှောက်တင်တာတွေက အမှန်တွေပဲလား!!!!!"

"မှန်....  မှန်လှပါ။  အမှန်တွေပါပဲ အရှင်..."

"ကောင်းပြီ။ ထွက်သွားတော့"

ဘုရင်ကြီးRobert၏ ဒေါသကို သိသော ရဲမက်လေးခမျာ  အလျင်အမြန်ပင် အရိုအသေပေးကာ  ထွက်သွားလေသည်။

"တောက်!!!"

ဘုရင်ကြီးRobert၏ တောက် ေခါက်သံသည် တိတ်ဆိတ်နေသော ခန်းမဆောင်တစ်ခုလုံးတွင် ကျယ်လောင်စွာ ထွက် ေပါ်လာလေသည်။ ပွက်ပွက်ဆူနေသော ေဒါသအဟုန်သည် သူ့သွေးကြောများအတွင်း လှည့်လည်သွားလာနေသလား ထင်ရလောက်အောင်ကို ပူလောင်နေပြီ။

Evan!  သည်ကလေးက    သူ့မြင်ကွင်းရှေ့ကို ထပ်ပေါ်လာဦးမည်ပေါ့။ သားတော်Issacကို  သူအလိုလိုက်မိတာ မှားသွားပြီ။  Evanကို  အပြတ်မရှင်းခဲ့မိတာလည်း မှားသွားပြီ။  ကံကောင်းသည်က  အမှားများကို  ပြန်လည်ပြုပြင်ရန် အချိန်မီသေးသည်။

(Ben ဒီတစ်ခါတော့ မင်းကို မညှာတော့ဘူး)

~~~~~~~

"ဟေးး Collin ကိုယ့်ကို စောင့်ဦးလေ"

သည်လောက် အော်ပြောနေတာတောင် မကြားချင်ယောင်ဆောင်ကာ  ခပ်ခွာခွာ  ခပ်သွက်သွက် လျှောက်နေသော အကောင်ပေါက်လေးသည် တကယ့်ကို  သခင့်အား စိတ်ကောက်နေသော ခွေးပေါက်လေးအတိုင်းပင်.....

နမ်းတုန်းကနမ်းပြီး  ခုကျမှ  ရှက်နေတာထင်ပါရဲ့.... နားရွက်ကလေးများကလည်း  မသိမသာ ရဲနေလေသည်။ အနှီအကောင်ပေါက်လေးကို   အသည်းတွေယားလွန်းလို့ Lucienဖိညှစ်ပြီးသာ  ဖက်ထားလိုက်ချင်၏။  Collinကို ချစ်ရလွန်းလို့  ကြာလာလျှင် Lucien ရူးသွားနိုင်သည်။

"ဘာ...  ဘာလုပ်တာလဲ! ဖယ်! လာမထိနဲ့"

ဘာမပြော ညာမပြောနှင့် လက်လာကိုင်သော ဝံပုလွေလေးကို  ပိတ်ဟောက်လိုက်လေတော့   ထိုကောင်လေးက   ပိုတိုးလို့ပင်  အတင့်ရဲလာကာ  ခါးလာဖက်လေသည်။

"Lucien!"

"အင်း...  ပြောလေ အချစ်"

"လက်ဖယ်"

Cinderella & Me (BL fiction) complete Where stories live. Discover now