ကျေးဇူးတင်စကား

44.7K 3.1K 102
                                    

2016 က ကျေးဇူးတင်စကားပါနော်
unicode နဲ့ မရှိလို့ ပြန်တင်ပေးလိုက်တာပါ
Thankyou
MaMon
.........
ရှည်လျားလွန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အစအဆုံး စိတ်ရှည်လက်ရှည် ဖတ်ပေးလာတဲ့ သူငယ်ချင်းများအားလုံးကို ရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။ ဒီလောက်တောင် အားပေးဖတ်ရှုကြလိမ့်မယ်လို့ လုံးဝ မထင်မှတ်ထားလို့ အခုအချိန်အထိ အိပ်မက်လား တကယ်လားဆိုတာတောင် ကိုယ့်ကိုကိုယ် ပြန်မေးမိနေပါသေးတယ်။ ဖတ်တဲ့သူတွေကို စိတ်မရှည်ချင်နိုင်လောက်အောင်ကို နှိပ်စက်ထားသလိုဖြစ်နေခဲ့ရင် ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်။

ဖတ်ပေးသူတွေရော၊ အပင်ပန်းခံ comment ရေးသူတွေရော၊ အပိုင်း၁ကနေ အဆုံးအထိ လက်ညောင်းခံ ဖုန်း bill အကုန်ခံပြီး vote ပေးလာသူများရော အားလုံး အားလုံးကို ကျေးဇူးတင်ချင်လွန်းလို့ စည်း အခန်းဆက် one shot လေး ရေးထားတာကို မနက်ဖြန် တင်ပေးပါ့မယ်။

ဖတ်ပြီးအားပေးရုံနဲ့ အားမရဘဲ ကိုယ်ရေးတဲ့စာတွေအောက်မှာ ကြော်ငြာပေးတဲ့ ညီမလေး၊ သီးသန့် article ရေးပေးလာသူတွေ၊ facebook မှာ ကျယ်ပြန့်အောင် tag တွေ၊ foto တွေနဲ့ အားပေးလာသူတွေ အားလုံး အားလုံးကို ကျေးဇူးတင်ပါတယ်။

တစ်ယောက်ချင်းစီရဲ့ reading point တစ်ခု၊ comment တစ်ကြောင်း၊ vote တစ်ချက်ကြောင့်သာမဟုတ်ခဲ့ရင် ဒီ စည်း ဝတ္တုလေးဟာ profile မှာ ငြိမ်သက်စွာ အိပ်မောကျနေမှာပဲဖြစ်လို့ မျှဝေခံစားပေးလာသူတိုင်းကို အတိုင်းမသိ ကျေးဇူးတင်မိပါတယ်။

နောက်ဆုံး ပြောချင်တာလေးကတော့ မမွန်ရဲ့ LGBT လူများပေါ်မှ ခံယူချက်တစ်ချို့ပါ။ BL ရေးတဲ့သူမို့လို့ ပြောတာမဟုတ်ဘဲ လှိုက်လှိုက်လှဲလှဲ ယုံကြည်လို့ ရင်ဖွင့်မိတာပါ။

LGBT လူများဟာ မမွန်တို့လို သာမာန်လူများလို့ တထစ်ချယုံကြည်ပါတယ်။ ရှက်စရာမဟုတ်သလို ကြောက်စရာလည်း မဟုတ်ပါဘူး။ ချို့ယွင်းချက်မဟုတ်သလို ပြုပြင်ပြောင်းလဲစရာလိုသူတွေလည်း မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ခံစားချက်နဲ့ သူလိုကိုယ်လို နှလုံးသားပိုင်ဆိုင်သူများပါ။ ခွဲခြားဆက်ဆံမှုတွေ၊ နှိမ့်ချချင်တာတွေကိုတွေ့ရရင် မခံနိုင်လောက်အောင် ခံရခက်မိပါတယ်။ ဒီ စည်း ဝတ္တုလေးကို LGBT တစ်ယောက်ယောက်များ ဖတ်မိပြီး နားလည်ပေးမယ့်သူ ရှိပါတယ်ဆိုတဲ့ အတွေးလေးတစ်ခုလောက်သာ တွေးမိခဲ့မယ်ဆိုရင် အရမ်းကို ကျေနပ်ဂုဏ်ယူမိမှာပါ။

အားလုံးကိုကျေးဇူးတင်လျက်

အကြင်နာမွန်

...............................................................

စည်းWhere stories live. Discover now