Part 34

38K 3.5K 45
                                    

စားသောက်ဆိုင်ထဲမှ လှမ်းထွက်သွားသော ဦးသိန်းကြည်နှင့် ဆက်ပိုင်တို့ကျောပြင်ကိုလှမ်းကြည့်ရင်း ထက်ပိုင် တောက်တစ်ချက်ခေါက်မိသည်။ သူ ဒီစားသောက်ဆိုင် ထောင့်စားပွဲဝိုင်းတစ်ခုတွင်ရောက်နေသည်မှာ ကြာခဲ့ပြီ။ တစ်ယောက်တည်းထိုင်နေသော ဦးသိန်းကြည်ကိုလှမ်းတွေ့၍ နှုတ်ဆက်ရန် ထအရပ် ဦးသိန်းကြည်ရှိရာ တည့်တည့်လျှောက်သွားသော ဆက်ပိုင်ကိုတွေ့လိုက်ရသည်။

ထက်ပိုင် နားမလည်သည်ထက် ဆက်ပိုင်ကို ဒေါသထွက်သွားမိသည်။ ဆက်ပိုင်နှင့် ဦးသိန်းကြည်တို့ကို သူထိပ်တိုက်တွေ့ခြင်းသည် ဒီအကြိမ်နှင့်ဆို နှစ်ခါရှိပြီဖြစ်သည်။ အခုနောက်ပိုင်း ဆက်ပိုင်ဆေးရုံအသွား၊ အပြန်ကို သူကိုယ်တိုင် အကြိုအပို့လုပ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။

ဒီနေ့တော့ ဆက်ပိုင်ဖုန်းဆက်ကာ လာမကြိုဖို့ပြောသည်။ ဘယ်သွားမလဲဆိုတော့ မဖြေ။ ကိစ္စတစ်ခုရှိသည်ဟုသာ မတင်မကျသာ ပြောလာခဲ့သည်။ တကယ်ဆို ရွှေစင့်အဖေနှင့်တွေ့စရာရှိသည်ဟု ပွင့်ပွင့်လင်းလင်းပြောသင့်သည်။

သူနှင့်ရွှေစင်က လက်ထပ်ဖို့စီစဉ်နေကြပြီဖြစ်သည်။ သူ့အနာဂတ်ယောက္ခထီးဖြစ်သူနှင့် ဆက်ပိုင်သွားတွေ့စရာအကြောင်းမရှိ။ ရှိခဲ့သည်ဆိုလျှင်လည်း ဘာအကြောင်းပဲဖြစ်ဖြစ် သူ့ကိုအသိပေးသင့်သည်။ အခုလို ခိုးကြောင်ခိုးဝှက်တွေ့ခြင်းကိုက သံသယဖြစ်စရာကောင်းသည်။

သိပ်မကြာသေးလေးခင်ကပင် ရွှေစင်ပြောလာခဲ့သော စကားများက ဆန်စေ့သယ်နေလာကြသော ပုရွက်ဆိတ်တန်းတစ်ခုလို ထက်ပိုင်ခေါင်းထဲကို စီတန်းဝင်ရောက်လာခဲ့သည်။

"ဆက်ပိုင်ကို မကောင်းအပြောမခံတော့တဲ့သူထဲမှာ ဖေဖေ ပါ ပါလာပြီ.. သိလား ကို.. ဒီကောင်လေး ဖေဖေ့ကို ဘာဆေးတွေတိုက်ထားလဲ.. ဆက်ပိုင်အကြောင်းပြောတိုင်း ရှေ့ကနေလိုက်ကာနေတာ.. ပြီးတော့ နေစမ်းပါဦး.. ဆက်ပိုင်နဲ့ ဖေဖေက ဘာလို့အခုနောက်ပိုင်း ဒီလောက်တွေ့နေကြတာလဲ.."

ဟု ရွှေစင်ခပ်ပြုံးပြုံးမေးလာခဲ့သည်။ ထက်ပိုင်ကတော့ မပြုံးနိုင်ခဲ့ပါ။ ရင်ထဲမှာ သံသယများနှင့် ပူလောင်နေသည်။ ရွှေစင့်ဖခင်ပေမယ့် ဦးသိန်းကြည်ကို ထက်ပိုင်ဘယ်တော့မှ လေးစား၍မရခဲ့။ အတည်ရော၊ မတည်တတည်ရော မင်းသမီး၊ မော်ဒလ်ကောင်မလေးတွေနှင့် ရှုပ်တတ်သည့် ဦးသိန်းကြည်နာမည်က ရုပ်ရှင်လောကတွေ အတော်ကြီးသည်။

စည်းWhere stories live. Discover now