Part 21

40.4K 3.9K 32
                                    

လမ်းမှာ ကားရှင်းနေသည်မို့ ထက်ပိုင် ဆိုင်ကယ်ကို လိုသည်ထက်ပို၍ အမြန်မောင်းလာမိသည်။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားပေမယ့် ရှေ့မှအကာကို မချထားသောကြောင့် ညည့်လေအေးက သူ့မျက်နှာကို အတင်းတိုးဝင်လာသည်။ သူ့စိတ်တွေ ဘာလို့ဒီလောက်လှုပ်ရှားနေမိသည်မသိ။

သေချာသည်ကတော့ သူ ဆက်ပိုင်ကိုတွေ့ချင်သည်။

သူ့မွေးနေ့တစ်ခုကို ဆက်ပိုင်ထံမှ နှုတ်ဆက်သံတစ်ခုမကြားရဘဲ အဆုံးမသတ်ချင်။

ဘယ်တုန်းက သူ ဆက်ပိုင်နှင့် နောက်ဆုံးတွေ့မိခဲ့တာလဲ။ သူ မမှတ်မိတော့။ မကြာသေးခင်ကမှ ထိုင်းနိုင်ငံမှာ ရေကူးပြိုင်ပွဲဝင်ဖို့ သူ သွားခဲ့ရသည်။ ပြိုင်ပွဲရှိနေချိန်များဆိုလျှင် ထက်ပိုင် ပို၍ပင်ပန်းရသည်။ နည်းပြအလုပ်တစ်ဖက်၊ ရေကူးကျင့်ချိန်တစ်ဖက်နှင့် အိမ်ကိုမပြန်ဖြစ်သည်ကများသည်။

သူပြိုင်ပွဲဝင်ရန်အသွား ဆက်ပိုင်လေဆိပ်ကို လိုက်ပို့ပေးခဲ့သည်။ ဒါနောက်ဆုံးဆုံမိချိန်ဖြစ်သည်။ သူ ဆုတံဆိပ်မရခဲ့ပါ။ မြန်မာပြည်ထဲတွင် ထက်ပိုင်ကိုနိုင်မည့်သူမရှိပေမယ့် နိုင်ငံရပ်ခြားမှ နည်းစနစ်တစ်ကျ ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားသူများနှင့် ယှဉ်ပြိုင်ရသည်မှာတော့ ထင်သလောက် မလွယ်။ ဒါကလွန်ခဲ့သည့်လကဖြစ်သည်။

ထိုအချိန်ကတည်းက ဆက်ပိုင်နှင့် မျက်နှာချင်းမဆုံဖြစ်တော့။

မနက်တိုင်း သူ့အိပ်ရာနံဘေးတွင် အေးစက်နေပြီဖြစ်သော ကော်ဖီတစ်ခွက်ကိုတော့ တွေ့ရမြဲဖြစ် သည်။ ရေချိုးခန်းထဲတွင်လည်း သွားတိုက်ဆေးထည့်ပြီးသော သွားတိုက်တံလည်း အမြဲလိုလိုရှိနေပါသည်။ ဒါပေမယ့် အချိန်စောစီးစွာ ဆက်ပိုင် အိမ်မှထွက်၍ နောက်ကျမှ အိမ်ပြန်ရောက်သည်မို့ သူတို့မဆုံဖြစ်ကြတော့။ သူကိုယ်တိုင်ကလည်း အိမ်ကိုပြန်ဖြစ်ချင်မှ ပြန်ဖြစ်သည်။

ဆေးရုံကြီးရှေ့ သစ်ပင်အောက်မှာ ဆိုင်ကယ်ကို စက်သတ်ရပ်တန့်လိုက်သည်။ မီးရောင်ထိန်လင်းနေသော ဆေးရုံပြတင်းပေါက်များမှ လူရိပ်များကိုတွေ့ရသည်။ အပြင်လမ်းတစ်လျှောက် မိုးချုပ်ပြီမို့ တိတ်ဆိတ်နေပေမယ့် ဆေးရုံဝင်းအတွင်းမှာတော့ လူသွားလူလာမပြတ်။ ဆေးရုံဂိတ်မှ ချိုးဝင်လာသော အပြာမီးရောင်အချက်ပြ လူနာတင်ကားတစ်စင်းကိုလည်း တွေ့လိုက်ရသည်။

စည်းWhere stories live. Discover now