Part 23 (Unicode)

57.1K 4.5K 311
                                    


လေယာဉ်မယ်၏ လေယာဉ်ဆင်းသက်တော့မည်ဖြစ်၍ ထိုင်ခုံခါးပတ်များကို ပတ်ထားဖို့နှင့် ဖုန်း၊ ကွန်ပျူတာများ ပိတ်ထားရန် ပန်ကြားချက်က ကြည်လင်စွာထွက်ပေါ်လာသည်။ ထက်ပိုင် လက်ထဲမှဖုန်းကို စက်ပိတ်လိုက်ပြီး ဘောင်းဘီရှေ့အိတ်ထဲ ထည့်ထားလိုက်သည်။

စင်္ကာပူမှအပြန်ခရီးတွင် ထက်ပိုင် သူ့တပည့်များအတွက် ဝမ်းနည်းမိသလို၊ မခံချင်လည်း ဖြစ်မိသည်။ အခြားအားကစားများတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်၊ ငွေတံဆိပ်များရခဲ့သော်လည်း ရေကူးတွင်မူ အခြားနိုင်ငံတန်းတူ တိုး၍မရခဲ့။ ရေကူးနှင့်ပတ်သတ်သည့် ဆုတံဆိပ်များအားလုံး၏ ထက်ဝက်ကျော်ကို အိမ်ရှင်နိုင်ငံဖြစ်သည့် စင်္ကာပူတစ်နိုင်ငံတည်းမှ အကုန်သိမ်းယူသွားနိုင်ခဲ့သည်။ တစ်ချိန်က ရွှေခေတ်ကို မြန်မာ့ရေကူးပြန်ရောက်အောင် သူတို့လျှောက်လှမ်းရမည့်လမ်းများစွာ ရှိနေသေးသည်။

လေယာဉ်ဘီးချသံနှင့်အတူ ထက်ပိုင်ထိုင်ခုံ သိမ့်ခနဲတုန်သွားသည်။ တိမ်ဖြူစိုင်များက ဂွမ်းစုပ်များလို လေယောဉ်အောက်မှာ ပြန့်ကျဲနေသည်။ တဖြည်းဖြည်းနိမ့်ဆင်းလာသော လေယာဉ်မှာ တိမ်ဖြူစိုင်ခဲများအတွင်း ဝင်ရောက်ကာ မြူမှုန်များကြားရောက်သွားသလို မြင်ကွင်းအားလုံး မှုန်ဝါးသွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ထို တိမ်စိုင်များအောက်မှ လေယာဉ်အတောင်ပံတိုးထွက်နိမ့်ဆင်းသွားသည်။ ညိုသောမြစ်၊ စိမ်းသောသစ်ပင်ငယ်များနှင့် ကစားစရာအရုပ်ငယ်များလို သေးမွှားသည့်အိမ်ငယ်များ၊ ကားငယ်များကို လှမ်းမြင်လိုက်ရသည်။

မိနစ်ပိုင်းအတွင်းမှာပဲ မြေပြင်မှအရာအားလုံး တဖြည်းဖြည်းပီပြင်ပြတ်သားလာသည်။ လေယာဉ်ဆင်းသက်မည့်လမ်းကြောင်းက ထက်ပိုင်ရှိရာသို့တဟုန်ထိုး ခုန်တက်လာသလိုရှိသည်။ တကယ်တော့ ထက်ပိုင်စီးဆင်းလာသည့်လေယာဉ်ကသာ လမ်းကြောင်းပေါ်နိမ့်ဆင်းလာခြင်းဖြစ်သည်။ လေယာဉ်ဘီးများ လမ်းကြောင်းနှင့်ထိတွေ့မိချိန် လေယာဉ်တစ်ကိုယ်လုံး ပြေးဆောင့်လိုက်သလို တုန်ခါသွားသည်။ ထို့နောက်မှာတော့ အရှိန်သတ်လိုက်သော လေယာဉ်အတောင်ပံသံများနှင့် စက်သံများကို ပီပီပြင်ပြင်ကြားလိုက်ရသည်။ လေယာဉ်မယ်မှ စက်သတ်ပြီးချိန်အထိ ထိုင်ခုံခါးပတ်များပတ်ထားရန် ပန်ကြားသံထွက်ပေါ်လာသည်။

စည်းWhere stories live. Discover now