Part 49

39.5K 3.5K 44
                                    

"သားကြီး.."

ဖေဖေ့၏ အသံကြားမှ တံခါးခေါက်သံကိုပင် မကြားမိလိုက်သည့် ထက်ပိုင်ကိုယ့်ကိုကိုယ် ကျိန်ဆဲမိလိုက်သည်။ ပျက်နေသည့်မျက်နှာကို ဖခင်ဖြစ်သူ မရိပ်မိအောင် ပြန်လည်ပြင်ဆင်ရင်း ကုတင်ပေါ်မှထလိုက်သည်။ ဦးထွန်းဟန်မှာ ပုဆိုးနှင့်တိုက်ပုံဖြူကို ရိုးရိုးဝတ်ဆင်ထားပေမယ့် ခန့်ညားနေသည်။

"သွားတော့မလား ဖေဖေ.."

"အေး.. ဆက်ပိုင် ကားပေါ်မှာစောင့်နေတယ်.."

"ဟုတ်ကဲ့.."

ဦးထွန်းဟန် နောက်မှ ထက်ပိုင် တိတ်ဆိတ်စွာ လိုက်လာခဲ့သည်။ ဆက်ပိုင်ဘေးနား ကားရှေ့ခန်းမှဝင်ထိုင်လိုက်ပေမယ့် သူ့ဘေးမှ ဆက်ပိုင်ကိုလှည့်မကြည့်မိ။ အခုနေသာ ဆက်ပိုင်မျက်နှာကို မြင်ရလျှင် သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းတွေ တစ်စစီပြိုကွဲသွားနိုင်သည်။

ဦးထွန်းဟန် ကားနောက်ခန်းမှာ ၀င်ထိုင်ချိန်တွင် ဆက်ပိုင်ကားစက်နှိုး မောင်းထွက်လာသည်။ ကားပေါ်မှအဲကွန်းနှင့်အတူ ရေဒီယိုလှမ်းဖွင့်လိုက်သော ဆက်ပိုင်လက်များကို ထက်ပိုင် သတိတရ လှမ်းကြည့်မိသည်။ မနေ့ညက တင်းကြပ်စွာ ဆုပ်ကိုင်နိုင်ခဲ့သည့် ထိုလက်များကို သူထာဝရဆုံးရှုံးရတော့မည်ဖြစ်သည်။ အကြည့်ကိုချက်ချင်းလွှဲကာ ဘာကိုမှမစဉ်းစားမိအောင် ကားပြတင်းပေါက်မှ အပြင်ဘက်သို့ ငေးကြည့်လိုက်သည်။

သာယာသော တေးသံတစ်ခုက ကားတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ သီချင်းသံကို တိတ်ဆိတ်စွာနားထောင်ရင်း သူတို့သုံးယောက်လုံး စကားမပြောမိကြ။ ဒါသည်ပင်အကောင်းဆုံးဖြစ်သည်။ ထက်ပိုင်မှာ ပါးစပ်ဟဖို့ပင် ခွန်အားမကျန်တော့ပါ။ သန့်ပြန့်ခန့်ညားသော အနောက်တိုင်းဝတ်စုံအောက်မှ တစ်စစီပြိုကွဲနေသော သူ့နှလုံးသားကို ဘယ်သူမှမမြင်၊ မတွေ့၊ မသိနိုင်အောင် ဟန်ဆောင်ဖုံးကွယ်ရဦးမည်ဖြစ်သည်။

တရားရုံးရှေ့တွင် ထက်ပိုင်ရောက်သွားချိန် ရွှေစင်မှလွဲ၍ လူစုံနေပြီဖြစ်သည်။ ထက်ပိုင် ကားပေါ်မှဆင်းချင်းချင်း မင်းသူအနားလာရပ်ကာ သူ့ပခုံးကို ဆုပ်ကိုင်လာသည်။ မာလာသည်လည်း သူ့ချစ်သူကောင်လေးလက်ကိုတွဲကာ ရောက်လာသည်။ ရန်နိုင်နှင့်နောင်ကိုလည်း ခပ်လှမ်းလှမ်းမှ ပြုံးပြနှုတ်ဆက်လာသည်ကို တွေ့လိုက်ရသည်။ သူငယ်ချင်းမိတ်ဆွေတွေ စနောက်နေသည့်ကြားမှာ အလိုက်သင့် ပြန်ဖြေပြုံးပြကာ ထက်ပိုင်အချိန်များကုန်ဆုံးအောင် ကြိုးစားမိသည်။

စည်းWhere stories live. Discover now