Part 53

41.5K 3.5K 7
                                    

ရွှေစင် ဟန်မပျက်အောင် ရေတစ်ခွက်ကို မော့သောက်လိုက်ပေမယ့် လှိုက်တက်လာသော ဒေါသများကြောင့် နားရွက်ဖျားများနီရဲသွားသည်။ သူမတို့မင်္ဂလာဆောင် တစ်နှစ်ပြည့်သည့်အကြောင်း ပြောနေရာမှ ထက်ပိုင်၏ ပျက်ယွင်းသွားသော မျက်နှာကို သူမ သတိထားမိသည်။

ဒါကလည်း ပထမဆုံးအကြိမ်မဟုတ်ပါ။ ဘယ်တော့မှ သူမတို့မင်္ဂလာဆောင် ဓါတ်ပုံများကို ထက်ပိုင်မကြည့်။ ဗီဒီယိုခွေရတုန်းက ရွှေစင်က၀မ်းသာအားရ အတူတူကြည့်ရအောင်ဆိုခဲ့တုန်းကလည်း အကြောင်းအမျိုးမျိုးပြကာ ရှောင်ဖယ်သွားခဲ့သည်။

နေ့လည်စာအပြီး ဦးထွန်းဟန်ကိုလက်ဆောင်များပေးကာ ရွှေစင်တို့နှုတ်ဆက်ပြန်ခဲ့ကြသည်။ ကားပေါ်မှာ ရွှေစင် အတွေးများပြီး တိတ်ဆိတ်နေမိသည်။

ရွှေစင် ထက်ပိုင်ကို နားမလည်။

သူမတို့အိမ်ထောင်ရေးသည် ပန်းခင်းသောလမ်းဖြစ်သင့်သည်။ ငယ်စဉ် ကျောင်းသားဘ၀ထဲက ချစ်ခဲ့ကြသူနှစ်ယောက်၊ နှစ်ဖက်မိဘများကလည်း ကြည်ဖြူသဘောတူကာ ခမ်းခမ်းနားနား လက်ထပ်ပေးခဲ့သည်။ ထက်ပိုင်အရင်ကမျက်နှာများခဲ့ပေမယ့် ဘယ်ကောင်မလေးကိုမှ အတည်တကျမချစ်ခဲ့တာ ရွှေစင်သိသည်။ သူမ ဆေးရုံတက်ရစဉ်ကတည်းက အမြဲလိုလို ဂရုစိုက်ကာ အလျော့ပေးလာခဲ့သည်။

ဒါပေမယ့် ထက်ပိုင်နှင့် အတူရှိနေရသည့် နောက်ပိုင်းအချိန်များသည် အသက်မပါသော အရုပ်တစ်ရုပ် သူမဘေးမှာရှိနေသလို တစ်ခါတစ်ရံခံစားရသည်။ သူမချစ်ခဲ့သော တက်ကြွသည့်၊ လန်းဆန်းသည့် ထက်ပိုင်မဟုတ်တော့သည်မှာ ကြာပြီဖြစ်သည်။ မကြာခဏ အတွေးရေယာဉ်မှာ နစ်မြောနေပြီး ဘာဖြစ်နေသည် ဘာလုပ်နေသည်ကိုပင် ထက်ပိုင်သတိမထားမိဆိုတာကို ရွှေစင်ရိပ်မိသည်။ သူမကို စိတ်ချမ်းသာအောင် အလိုလိုက်၊ အကြိုက်ဆောင်နေပေးပေမယ့် ထက်ပိုင်သည် ပုလဲမရှိတော့သည့် ကမာကောင်လွတ်တစ်ခုနှင့်တူသည်ဟု ရွှေစင်ထင်သည်။

ရွှေစင် ထက်ပိုင်ကို ပြန်လည်သိမ်းသွင်းနိုင်ဖို့ နည်းလမ်းကုန်ကြိုးစားပါသည်။ အပျော်ခရီးများလည်း နှစ်ယောက်အတူ မကြာခဏထွက်ဖြစ်သည်။ လက်ဆုံစားသည်မှ အ၀တ်အစားရွေးချယ်ဝတ်ဆင်သည်အဆုံး အမြဲတမ်း ထက်ပိုင်အကြိုက် ဖြစ်အောင်ကြိုးစားသည်။ ဒါပေမယ့် ဒီလောက်အချိန်ကြာမှ ရွှေစင်လက်လျှော့ချင်လာမိသည်။

စည်းWhere stories live. Discover now