Part 9

43.2K 4.1K 58
                                    


ငါးနှစ်ဆိုသည့်အချိန်သည် ကြာမြင့်စွာ သို့မဟုတ် တိုတောင်းစွာကုန်ဆုံးသွားပြီဖြစ်သည်။

ခွန်းထက်ပိုင်ဘ၀တွင် မေမေ့ကိုရုတ်တရက် လက်လွတ် ဆုံးရှုံးလိုက်ရခြင်းသည် သစ်သားပေါ်တွင် ဓါးထက်ထက်ဖြင့် ခြစ်ရာတစ်ခုထွင်းထားသလို ထင်ကျန်ခဲ့သည်။ မေမေသည် ထက်ပိုင်ရှိရာအိမ်သို့ ဘယ်တော့မှ ပြန်မလာခဲ့ပါ။

ထက်ပိုင်လေးတန်း အတန်းတင်စာမေးပွဲ ဖြေပြီးသည့်အချိန် မေမေနောက်အိမ်ထောင်ပြုကာ မူဆယ်ဘက်သို့ အပြီးတိုင်ပြောင်းသွားခဲ့သည်ကို ရင်နာနာနှင့် နားလည်ခဲ့ရသည်။ စီးပွားရေးသမား မေမေ့နောက်အမျိုးသားကို ထက်ပိုင်မမုန်းပါ။

ထို့နည်းတူ မေမေ့ကိုလည်း သူစိတ်မနာပါ။

ဖေဖေတို့၏ အိမ်ထောင်ရေးပြိုကွဲရခြင်းမှာ ဆက်ပိုင်ကြောင့်ဟုသာ သူလွယ်လွယ်မှတ်ထားခဲ့သည်။

တစ်ခါတစ်ရံ ထက်ပိုင်ကို မေမေဖုန်းဆက်ခဲ့သည်။ "လာလည်မလားသား" ဟူ၍ ၀တ်ကျေတန်းကျေခေါ်တတ်သည်။ ဒါပေမယ့် ထက်ပိုင် အတန်းကြီးလာသည်နှင့်အမျှ မေမေ့ထံမှ ဖုန်းခေါ်လာမှုများ နည်းလာခဲ့သည်။ ထက်ပိုင်လည်း မေမေ့ကိုကြိုးစားမေ့ဖျောက်ကာ ကျောင်းချိန်ပြီးလျှင် သူငယ်ချင်းများနှင့် အချိန်ကုန်ဖြစ်သည်က များလာသည်။

နောက် ထက်ပိုင် ၀ါသနာကြီးလှသော ရေကူးခြင်းကလည်း သူ့အားလပ်ချိန် တော်တော်များများကို ဖဲ့ယူသွားခဲ့သည်။ ငယ်စဉ်ကတော့ ဖေဖေနည်းပြဆရာလုပ်သည့် တက္ကသိုလ်ရေကူးကန်တွင် အပျော်ကူးခတ်ခဲ့သည်။ မေမေမရှိတော့သည့်နောက်ပိုင်း ထက်ပိုင် ရေကူးကို အပျော်သဘောအပြင် စနစ်တကျ သင်တန်းများတက်ကာ တစိုက်မက်မက် ကူးဖြစ်ခဲ့သည်။ ဖေဖေကလည်း ထက်ပိုင်ဝါသနာပါရာ ရေကူးခြင်းကို အားပေးကာ ကျောင်းအဆင့် မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ကာ ထက်ပိုင် ဆုတံဆိပ်များရသည်အထိ ထူးချွန်လာခဲ့သည်။

ယခုနှစ် ထက်ပိုင် ဆယ်တန်းကျောင်းသားတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်သည်။ နဂိုမြင့်သောအရပ်မှာ ရေကူးခြင်းကြောင့် ကျစ်လျစ်နေသည်။ စူးရှသောမျက်လုံးနက်နက်နှင့် ပိရိသောနှုတ်ခမ်းပါးဖြင့် ဖြစ်သည်။

စည်းKde žijí příběhy. Začni objevovat