Part 1 (Zawgyi)

154K 6K 73
                                    

ခွန်းထက်ပိုင်...

ထက်ပိုင်သည် အရပ်မြင့်မြင့် ဆံပင်နက်နက်နှင့် ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်သည်။ ထွားကြိုင်းသော ကိုယ်ခန္ဓာနှင့် အရာရာကို စူးစမ်းသိချင်တတ်လွန်းသော နက်မှောင်သည့် မျက်လုံးများကို ပိုင်ဆိုင်သည်။ တိုတောင်းစွာညှပ်ထားသဖြင့် သန်မာသော ဆံပင်နက်များ သူ့ခေါင်းဝိုင်းဝိုင်းတွင် ထောင်နေတတ်သည်။

ထက်ပိုင်တို့ မိသားစုသည် မချမ်းသာလှသော်လည်း မဆင်းရဲလှသည့် မိသားစုတစ်ခုဖြစ်သည်။ သူ့ဖခင်က အလားအလာရှိသော တက္ကသိုလ်နည်းပြဆရာတစ်ယောက်ဖြစ်သည်။ မိခင်ကတော့ မိဘအမွေထားခဲ့သည့် ဗိုလ်ချုပ်ဈေးမှ အထည်ဆိုင်တွင် အားလျှင်အားသလို သွားထိုင်တတ်သည်။ စိတ်ချရသဖြင့် မျက်နှာလွှဲရသော ၀မ်းကွဲညီမ ရှိသဖြင့် အမြဲလိုလိုတော့ သွားစရာမလို။

ထက်ပိုင်သည် မိခင်၊ဖခင်တို့၏ အချစ်နှင့် ဂရုစိုက်မှုကို အစဉ်အမြဲအပြည့်အ၀ ပိုင်ဆိုင်ခွင့်ရထားသည့် တစ်ဦးတည်းသော သားတစ်ယောက်လည်းဖြစ်သည်။ မိဘနှစ်ပါး၏ရင်ခွင်သည် သူ ငြိမ်းချမ်းစွာ နားခိုရသည့် အရိပ်များဖြစ်သည်။ သူတို့အိမ်သည်လည်း ငြိမ်းချမ်းအေးမြခြင်းများဖြင့် အမြဲလိုလို ပြည့်နှက်နေခဲ့ပဲဖြစ်သည်။

သို့ပေမယ့်..

မထင်မှတ်တားတဲ့ တစ်နေ့မှာတော့....

ထိုနေ့က ကျောင်းဆင်းချိန်တွင် ကျောင်းတံခါးဝမှာ ကျောင်းလာကြိုမြဲဖြစ်သော မိခင်ဖြစ်သူကို ထက်ပိုင် မတွေ့ခဲ့ရ။ တစ်ခါတစ်လေ မိခင်ဖြစ်သူ ကျောင်းလာမကြိုဖြစ်လျှင် တစ်ယောက်တည်း အိမ်ပြန်နေကြဖြစ်သည်မို့ အထူးအဆန်းတော့မဟုတ်။

လေးလံသောလွယ်အိတ်ကို ခေါင်းချိတ်လွယ်ကာ မြေနီလမ်းအတိုင်း သူ အိမ်ပြန်လာခဲ့သည်။ မုန့်ရောင်းသောဆိုင်များ၊ မြေပြင်ပေါ်ခင်းကျင်းရောင်းချနေသော အရုပ်များနှင့် ရောင်စုံကတ်များကို ထက်ပိုင် ငေးကြည့်လာခဲ့သည်။ ရေခဲမုန့်၊ ရေခဲချောင်းစားပြီး အေးဆေးစွာ လမ်းလျှောက်နေသော အဖြူအစိမ်းဝတ် ကျောင်းသူတစ်ချို့ကို အားကျစွာမြင်လိုက်ရသည်။

စည်းWhere stories live. Discover now