Part 43

40.4K 3.7K 48
                                    

"မင်းသူ... ငါ မင်းကိုတစ်ခုမေးချင်တယ်.."

"ဘာလဲ ထက်ပိုင်ရာ.... စကားခံမနေစမ်းပါနဲ့.."

ထက်ပိုင်မေးသင့်မမေးသင့် စဉ်းစားရင်း ငြိမ်သက်နေသည်။ သူနှင့်မင်းသူ မူလတန်းကျောင်းကတည်းက ခင်မင်ခဲ့ကြသလို ရန်နိုင်နှင့်ဆက်ပိုင်သည်လည်း ထိုအချိန်လောက်ကပင် တစ်တန်းတည်း ကျောင်းအတူတက်ခဲ့ကြသူများဖြစ်သည်။ ထိုအချိန်က သိပ်မခင်သေးတာလောက်ပဲရှိမည်ထင်သည်။ အလယ်တန်းလောက်မှ ဆက်ပိုင်နှင့်ရန်နိုင် အမြဲလိုလိုအတူတွဲဖြစ်ကြတာကို သူ မှတ်မိသည်။

မင်းသူမျက်နှာကို တည့်တည့်မကြည့်ဘဲ ခပ်တိုးတိုးမေးမိသည်။

"ကျောင်းတုန်းက ရန်နိုင်နဲ့ဆက်ပိုင်က သူငယ်ချင်းပဲလား.."

မင်းသူမျက်လုံးပြူးသွားသည်။ ထက်ပိုင်အခုမှ တရေးနိုးသိချင်လာသည် မဟုတ်ပါလား။

"ဘာကိုဆိုလိုတာလဲကွ....."

"မင်းနားလည်ပါတယ်.. ငါသိချင်တာ သူတို့နှစ်ယောက်...ဟိုကွာ..."

ထက်ပိုင် ဘယ်လိုစကားဆက်ရမည်မှန်းမသိတော့။ မင်းသူကတော့အံ့သြပြီးရင်း အံ့သြရသည်။ ထက်ပိုင်ဒီလောက်တုံးအလောက်မည်ဟု မထင်ခဲ့။ ရန်နိုင် ဆက်ပိုင်အပေါ် မရိုးသားခဲ့တာ တစ်ရပ်ကွက်လုံးသိသည့်ကိစ္စဖြစ်သည်။

"မင်း တကယ်မရိပ်မိဘူးလား.."

"ဘာ.. သူတို့နှစ်ယောက်က ချစ်သူတွေလား.."

ထက်ပိုင်လှဲအိပ်နေရာမှ ရုတ်တရက် ထထိုင်လိုက်မိသည်။

"အာ.. ကြံကြံဖန်ဖန်.. မဟုတ်ပါဘူးကွာ.. ငါ့ညီက ဆက်ပိုင်အပေါ် တစ်ဖက်သတ်ပါ.. မင်းကလွဲရင် တစ်လောကလုံးသိတယ်..."

"ဘာ.."

ထက်ပိုင် ပါးစပ်များ ၀ိုင်းသွားသည်။ သူ တကယ်ပဲ မျက်စိပဲကန်းနေခဲ့သည်လား။ ရန်နိုင်က ဆက်ပိုင်ကို တစ်ဖက်သတ်တွယ်တာခဲ့သည်တဲ့လား။ ဒါဆို ဆက်ပိုင်ကရော။

"သူတို့နှစ်ယောက်က သူငယ်ချင်းပါကွာ... ဒါပေမယ့်... မင်း မှတ်မိသေးလား.. ငါတို့ဆယ်တန်းတုန်းက ရန်နိုင် အိမ်မှာ ဖေဖေနဲ့အကြီးအကျယ်ပြဿနာဖြစ်တာလေ...."

စည်းWhere stories live. Discover now