Part 15 (Unicode)

48.2K 4.2K 68
                                    

အခြေခံမူလတန်းကျောင်း၊ xxx မြို့နယ် ဆိုသော အဖြူရောင်စာလုံးများသည် အစိမ်းရောင်ဆိုင်းဘုတ်ထက်မှာ ခန့်ညားစွာ ရှိနေသည်။ နေ့လယ်ခင်းချိန်ဖြစ်၍ ချစ်ချစ်တောက်ပူနေသော နေမင်းအောက်တွင် ကျောင်းပြင်ဘက်ရှိ စျေးသည်များမှာ ငိုက်မြည်းတိတ်ဆိတ်နေကြသည်။ လေပြည်ကြောင့် မကြွေချင့်ကြွေချင် ကြွေဆင်းလာသော သစ်ရွက်ဝါတစ်ချို့သာ လှုပ်ရှားမှုရှိနေသည်။

မုန့်စားကျောင်းဆင်း ခေါင်းလောင်းထိုးသံနောက်မှာတော့ ငြိမ်သက်တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်နှိုးခံလိုက်ရသလို။ စာသင်ခန်းမထဲမှ ပြေးထွက်လာသော ကလေးငယ်များ၏ ခြေသံ၊ ရယ်မောသံများနှင့်အတူ ကျောင်းဝင်းတစ်ခုလုံး အသက်ဝင်လှုပ်ရှားလာသည်။ စျေးသည်များ၏ စျေးခေါ်သံ၊ ရေခဲချောင်းသည်၏ ခေါင်းလောင်းသံ၊ ကလေးငယ်များ၏ စျေးမေးသံ၊ အလုအယက် တိုးဝှေ့ဝယ်သံများသည် ဆူညံလာနေသည်။

ခွန်းဆက်ပိုင် စာသင်ခန်းထဲမှ ထွက်လာချိန်တွင် အခန်းထဲမှာ ဘယ်သူမှ ရှိမနေတော့။ မုန့်ဝယ်စားစရာ မုန့်ဖိုးဆိုတာ မပါသည့်အပြင်၊ ဘာမုန့်မှလည်း သူ့မှာ မပါ။ နေ့စဉ်နေ့တိုင်း ဒီလိုပဲမို့ ထူးဆန်းသည်တော့မဟုတ်။ အားငယ်မိသည်ကတော့အမှန်။ အပြင်မှာ အုပ်စုဖွဲ့ကစားသူများ၊ လှေကားထစ်များမှာ ထိုင်ရင်း ငြင်းခုန်စကားများနေသော အတန်းဖော်များကို ရှောင်ကာ သူထိုင်နေကြဖြစ်သည့် ကျောင်းထောင့်မှ သစ်ပင်ရိပ်သို့ လျှောက်လာခဲ့သည်။

ဒါပေမယ့် သူ့ခြေလှမ်းများ တုံ့ခနဲ..
ထို သစ်ပင်ရိပ်သို့ရောက်ရန်ဘောလုံးကန်နေသည့် ကောင်လေး သုံးယောက်ရှိနေသည်။ ရှောင်သွားဖို့က မဖြစ်နိုင်။

"ဟေ့ကောင်။ မင်း ငါတို့နားမလာနဲ့။"

"ဝေးဝေးသွားစမ်းကွာ။ အဖေမရှိတဲ့ကောင်။"

"အေးလေ။ မင်းမရှက်ဘူးလား။ သွားစမ်းကွာ။ ငါတို့နားမလာနဲ့။"

ပတ်ချာလည် လမ်းပိတ်ရပ်နေသော ကောင်လေးများကြားမှ သူ ထွက်ပေါက်မရှိတော့။ ရန်လိုနေကြသည့် ကောင်လေးများကိုသာ ငိုင်ကြည့်နေမိသည်။ ခွန်းဆက်ပိုင် ကျောင်းစတက်ကတည်းက ဘယ်သူမှ သူနှင့်သူငယ်ချင်းမလုပ်ချင်သည်ကို နားလည်သည်။ ဒါ့ကြောင့်လည်း တစ်ယောက်တည်း အားလုံးနှင့် ခပ်ဝေးဝေးမှာ နေခဲ့သည်။
ဒါပေမယ့် ရန်လိုသည့်ကလေးများကိုတော့ သူရှောင်၍မရ။

စည်းWhere stories live. Discover now